လက်လုပ်ဗုံးပေါက်ကွဲ

June 2, 2021

မန္တလေးတွင် လက်လုပ်ဗုံးပေါက်ကွဲပြီး အုပ်ချုပ်ရေးမှူး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက် လမ်း ၄၀၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာ ဇွန်လ ၁ ရက်  ညနေ ၆  နာရီခွဲလောက်က လက်လုပ်ဗုံးပေါက်ကွဲပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး  တစ်ယောက် ဒဏ်ရာရသွားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ သူ့ နေအိမ်ရှေ့မှာ ထိုင်နေတဲ့အချိန် အိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ညာဒူးအောက်ကြေမွပြတ်ရှ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ မန္တလေးမြို့အတွင်း နေရာတော်တော်များများ ဗုံးပေါက်တာတွေဖြစ်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မီးပွိုင့်အနီးက အ ထ က (၃၂) ကျောင်းရှေ့မှာ အစောင့်ချထားတဲ့ စစ်တပ်ကို သေနတ်နဲ့ ပစ်သွားတာကြောင့် စစ်သား  ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

2 months Ago

May 21, 2021

မြန်မာဘီယာရုံးနှင့် အရောင်းဆိုင်အချို့တွင် လက်လုပ်ဗုံးပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရသူရှိ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း ၊ သိပ္ပံလမ်း အနီးက မြန်မာဘီယာရုံးဝင်အတွင်း မေလ ၂၁ ရက် မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၀ ရက် ညပိုင်းက ၆၂ လမ်း၊ ၁၁၁ နဲ့ ၁၁၂ ကြားရှိ မြန်မာဘီယာ ရောင်းတဲ့ ဘီယာဆိုင်မှာလည်း လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်ဖြစ်တဲ့ မြန်မာဘီယာကို ဆက်လက်မရောင်းချဖို့နဲ့ မသောက်သုံးဖို့ မြေအောက်တော်လှန်ရေးအဖွဲ့ ဆိုတဲ့အမည်ရှိတဲ့ အဖွဲ့တစ်ခုက အသိပေးထားပါတယ်။

အဆိုပါထုတ်ပြန်ချက်ကို မလိုက်နာတဲ့ နန်းရှေ့က ဘီယာဆိုင်တစ်ဆိုင်ရဲ့ parking area မှာ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

3 months Ago
More News
Up