လက်ပစ်ဗုံးနှင့်ကျည်ဆန်

March 29, 2021

မယ်ဆိုင်တွင် မြန်မာဘက်သို့ပို့ဆောင်မည့် လက်ပစ်ဗုံးနှင့်ကျည်ဆန်များ ဖမ်းဆီးရမိ

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာ မတ်လ ၂၈ ရက်က  မြန်မာဘက်ခြမ်းကို ပို့ဆောင်မယ့် အထုတ်တွေထဲကနေ လက်ပစ်ဗုံးနဲ့ ကျည်ဆန်တွေ မြောက်မြားစွာ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်ရှိ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဟာ မနေ့ မနက်က ချွန်းပူးရီးခရိုင်ဘက်က ပို့ဆောင်လာတဲ့ အထုတ် ၆ ထုတ်မှာ ပုံမှန်မဟုတ်ဘဲ လေးလံနေလို့  တာဝန်ရှိရဲတပ်ဖွဲ့ကို ခေါ်ယူပြီးအထုတ်တွေစစ်ဆေးစေခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါအထုတ်တွေကို ကိုဖွင့်ကြည့်ရာမှာတော့ အထဲမှာ အမ်- ၁၆  အရွယ်အစား ကျည်ဆန်တွေ တွေ့ရကြောင်း ၊ အထုတ်တစ်ထုတ်ကို ကျည်ဆံ ၁ ထောင်ပါတဲ့အတွက် ၄ ထုတ်စာ ၄ ထောင်အရင်တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ညနေပိုင်းမှာ နောက်ထပ်ပုံစံတူ အထုတ် ၆ ထုတ်ထပ်ရောက်လာပြီး အထဲမှာ ကျည်ဆန် အတောင့်ပေါင်း ၂ ထောင်နဲ့ K-75  အမျိုးအစား လက်ပစ်ဗုံး ၅၂ လုံးကိုပါ ထပ်ပြီးတွေ့ရပါတယ်။ 

ပစ္စည်းလက်ခံသူကို ဖုံးနဲ့အကြောင်းကြားလိုက်ရာမှာတော့ မယ်ဆိုင်မြို့နေ နိုင်းမနိုးကွန်း ဆန်ဆွန် ( အသက် ၃၀ နှစ်) ဆိုသူက အဖြူရောင်မာဇဒါကားနဲ့ လာယူကြောင်း၊ အသင့်စောင့်နေတဲ့ အရပ်ဝတ်ရဲတွေက သူ့ကိုဖမ်းဆီးလိုက်တာပါ။

သူကတော့ အထုတ်ထဲမှာ ဘာတွေပါမလဲဆိုတာ မသိရဘဲ လမ်းပန်းမြို့နေလူတစ်ဦးက အဆိုပါအထုတ်တွေကိုယူပြီးတာချီလိတ်ဘက်သွားမယ့် ကားသမားဆီပို့ပေးဖို့ပြောတာကြောင့် လာယူရတာလို့ ဆိုပါတယ်။

ကွင်းဆက်အဖြစ် မယ်ဆိုင်မှ တာချီလိတ်ဘက်ကို အထုတ်အပိုးတွေ သယ်ယူပို့ဆောင်ပေးမယ့် နောက်ထပ် ကားသမား နိုင်းဆုန်း ဆဒ်ဆီရီချိုင်းရုန့်ရိန်း ( အသက် ၃၁ နှစ် ) ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ 

သူတို့နှစ်ဦးလုံးကတော့ အထုတ်ထဲမှာ လက်နက်ပါတယ်ဆိုတာ မသိဘူးလို့ငြင်းဆိုထားပြီး တာဝန်ရှိသူတွေက နောက်ထပ်အသေးစိပ်စစ်ဆေးမေးမြန်းကာ အမှုမှန်ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။   ကိုးကား - https://mgronline.com/local/detail/964000002984

3 months Ago
Up