လက်နက်ကိုင်အဖွဲ့

March 9, 2021

စစ်ကောင်စီလက်နက်ကိုင်များ၏ ရိုက်ဖျက်မှုကြောင့် ၅၄ လမ်းထဲက အိမ်စီးကားများပျက်စီး

ပုဇွန်တောင်မြို့နယ် ၅၄ လမ်းထဲက အိမ်စီးကား အများအပြားကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက မတ်လ ၈ ရက်နေ့ညပိုင်းက ရိုက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် အိမ်စီးကား ၁၅ စီးထက်မနည်း ကားမှန်တွေရိုက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ 

စမ်းချောင်းမှာ ပိတ်မိနေတဲ့သူတွေအတွက် ၅၄ လမ်းက ပြည်သူတွေ ညပိုင်းဆန္ဒထုတ်ဖော်ထုတ်ပြီးတဲ့နောက် စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်က "ငါ**မ တွေ သတ္တိရှိရင်အောက်ဆင်းခဲ့" လို့ စိန်ခေါ်ပြီး ဝင်ရောက်ဖျက်ဆီးတာလို့လည်း သိရပါတယ်။

ဓာတ်ပုံ - ဖိုတိုဒါန

2 months Ago

January 24, 2021

မောင်တောတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ရိုက်နှက်ခံရသူ အရေးပေါ်ကုသနေရ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ခြေမှာ ဝါးခုတ်သွားရာမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရတဲ့ အောင်သုခကျေးရွာက ရွာသား ၂ ဦးထဲက ၁ ဦး ဒဏ်ရာပြင်းထန်တာကြောင့် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကို ပြောင်းရွှေ့ပြီး အရေးပေါ်ကုသနေရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မောင်တောမြို့နယ်အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသားနှစ်ဦးမှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက ဝါးခုတ်သွားကြစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်း ဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ အောင်သုခကျေးရွာသားနှစ်ဦးမှာ ဦးကျော်ဇောအောင် ၅၃ နှစ်နဲ့ ဦးမင်းသိုက်ထွန်း ၃၈ နှစ်တို့ဖြစ်ပါတယ်။ ဦးကျော်ဇော်အောင်မှာ ဒဏ်ရာပြင်ထန်းတာကြောင့် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ဇန်နဝါရီ ၂၃ ရက်နေ့က ပို့ဆောင်ကုသထားရတာပါ။  Photo - Kaung Mrat Naing / MPA  
4 months Ago
More News
Up