လက်ပံတန်း

April 20, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲ လက်ပံတန်းတွင် ပြုလုပ်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဒီနေ့မနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲကို လူအင်အား ၁၅၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို လက်ပံတန်းမြို့ ၁ လမ်းအဝိုင်းမှ ပြည်သူ့ပန်းခြံရှေ့ထိ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး” “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပါသည်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်လမ်းလျှောက်ခဲ့ကြပါတယ်။ ဟောပြောပွဲမှာ ဆရာထင်လင်းဦးက "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရေးခဲ့တဲ့လူတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူကို လိမ်ဖို့ လုပ်ခဲ့တာ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် စစ်အာဏာရှင်စနစ် အဲ့ဒီကနေပြီး ဒီမိုကရေစီကို အပြောင်းအလဲကာလမှာ ပြည်သူတွေဘက်ကနေ အပြည့်အဝ ပြည်သူ့အာဏာကို မလွှဲအပ်ဘဲ အစိတ်အပိုင်းတခုကို ထိန်းချုပ်ထားတာ၊ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ တရားဥပဒေစိုးမိုးရေးကိစ္စတွေအားလုံးမှာ နောင် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့အစိုးရမှာ လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝမရအောင် ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာကို ပြည်သူတွေ သိစေချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဦးဆောင်သူ ဦးဇော်ထက်နိုင်က "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူနဲ့ တပ်မတော်နဲ့ကို သွေးခွဲထားသလိုဖြစ်နေတယ်။ ပြည်သူအားလုံးက ချစ်တဲ့မြန်မာ့တပ်မတော်ကြီးဖြစ်သွားဖို့အတွက် ကျနော်တို့က ဒါကို ပြင်ဆင်ချင်တာပါ။ တပ်မတော်ကို ပြည်သူက ဒီ့ထက်ပိုပြီး လေးစားချစ်ခင်ဖို့နဲ့ လွှတ်တော်ထဲမှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီဖွဲ့ပြီး လုပ်တာကို ပြည်သူက ထောက်ခံပါတယ်ဆိုတာ ပြဖို့ ဒီနေ့ပွဲကို လုပ်တာပါ " လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒဖော်ထုတ်ပွဲနဲ့ဟောပြောပွဲကို မနက် ၁၀ နာရီလောက်မှာ ပြီးစီးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထောက်ခံကြောင်း လက်မှတ်၂၀၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း
2 years Ago

March 21, 2019

လက်ပံတန်းရဲစခန်းဝန်းအတွင်း မြေကျင်းတူးရာက ဗုံးသီးအဟောင်းများ တွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မရဲစခန်းဝန်းအတွင်းမှာ အဆောက်အဦ ဆောက်လုပ်ဖို့ မြေကျင်းတူးရာကနေ ဗုံးသီးအဟောင်း ၉၁ လုံးတွေ့ရှိခဲ့ပါတယ် လက်ပံတန်းရဲစခန်းဝန်းအတွင်းမှာ မတ်လ ၁၉ ရက်က ၄ ခန်းတွဲ ၂ထပ်အဆောက်အဦ ဆောက်လုပ်ဖို့ တော်ဝန်စံနန်းကုမ္ပဏီက ရှင်းလင်းရေးဆောင်ရွက်ရာ အဆောက်အဦဟောင်းကို ဘက်ဟိုးနဲ့ ဖြိုချပြီး မြေကြီးကော်ထုတ်စဉ် အရှည် ၁၂ လက်မ လုံးပတ် ၉ လက်မ ခန့်ရှိ သံချေးတက်နေတဲ့ ဗုံးသီးအဟောင်းတွေ တွေ့ရှိခဲ့တာပါ။ လက်ပံတန်းရဲစခန်းတာဝန်ရှိသူ တဦးက “ အဆောက်အဦဆောက်ဖို့ မြေကြီးကော်နေရင်း အုန်းပင်အမြစ်ကို ဘက်ဟိုးနဲ့ ဆွဲကော်ဖို့ဘေးက မြေကြီးတွေကို အရင်တူးနေရင်းနဲ့ ဗုံးသီး အဟောင်းတွေ့တာကြောင့် လုပ်ငန်းရပ်ပြီး ဆက်လက်ရှာဖွေခဲ့တာပါ။ အဲ့ဒီမှာ ဗုံးသီးအဟောင်း ၉၁ လုံးထိ တွေ့ရှိပါတယ်။ ဒါ့ကြောင့် ဆောက်လုပ်မယ့် လုပ်ငန်းကို ခဏရပ်ထားပြီး သက်ဆိုင်ရာ စစ်တပ်ကို အကြောင်းကြားတဲ့အခါ BE တပ်နဲ့ တပ်မ ၃၅ က တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။ ဗုံးသီးအဟောင်းတွေကို သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ် သို့မဟုတ် ခဲယမ်း မီးကျောက် တပ်သို့ အပ်နှံနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ သတင်း - ဝဏ္ဏထွန်း
3 years Ago
More News
Up