လက်စတာကစားသမားများကို ပေါင် ၃ သောင်းကျော်တန် မာစီးဒီးကားပေးမည်

May 5, 2016

လက်စတာကစားသမားများကို ပေါင် ၃ သောင်းကျော်တန် မာစီးဒီးကားပေးမည်

အင်္ဂလန် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ လက်စတာ ကစားသမား ၃၀ ဦးကို ပေါင် ၃၂၆၇၀ တန် မာစီးဒီးကားတစီးစီ ကလပ်အသင်းပိုင်ရှင် ထိုင်းစီးပွားရေးသမား ဗီချိုင်း သီဗတ်ဟန်နာပရာဗက ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကစားသမားတိုင်းကို မာစီးဒီး ဘီအမျိုးအစား အီလက်ထရစ် ကားတစီ ပေးအပ်သွားမှာ ဖြစ်ပြီး ပိုင်ရှင်က ပေါင် ၁ သန်းလောက် ကုန်ကျမယ်လို့ ဒေးလီးမေလ်းသတင်းမှာ ရေးပါတယ်။ အစောပိုင်းကတည်းက ဖလားရယူနိုင်တဲ့အတွက် လာဗေးဂတ်စ်ကို အခမဲ့ခေါ်သွားမယ်လို့ နည်းပြ ရာနီရေးနီကို ဗီချိုင်းက ကတိပေးထားပြီးသား ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ  ဗိုလ်စွဲတဲ့အတွက်လည်း ကလပ်အသင်းရဲ့ ပုံရိပ်ဟာ တက်ခဲ့သလို ပေါင်သန်းချီ ၀င်ငွေရရှိမှာလည်း ဖြစ်ပါတယ်။ 33CB8D0300000578-3574048-image-m-4_1462397114208လက်စတာအသင်းရဲ့ ကင်းပါဝါကွင်းမှာ ကစားမယ့်ပွဲမှာ အသင်း ပရိသတ်တွေကို အခမဲ့ ဘီယာတိုက်လေ့ရှိတဲ့အတွက်လည်း ဗီချိုင်းဟာ လူသိများတယ်လို့ ဆိုပါတယ်။
5 years Ago
Up