ရွှံ့နွံမဖုံးခင် အန္တရာယ်ကြားမှ ဥဥချသည့် ရှားပါး လိပ်မကြီး (ရုပ်သံ)

November 22, 2015

ရွှံ့နွံမဖုံးခင် အန္တရာယ်ကြားမှ ဥဥချသည့် ရှားပါး လိပ်မကြီး (ရုပ်သံ)

ဘရာဇီးနိုင်ငံ၊ အက်စပီရီတိုကမ်းရိုးတန်းမှာ ရေကာတာ ၂ ခုကျိုးပေါက်ပြီး ရွှံ့နွံတွေ မဖုံးခင် အန္တရာယ်ကြားမှ ဥဥချခဲ့တဲ့ ရှားပါးလိပ်မကြီးတကောင်ကို သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးသမားတွေက နိုဝင်ဘာလ ၂၀ ရက်နေ့ညမှာ စောင့်ကြည့်မှတ် တမ်းတင်ခဲ့ပါတယ်။ ဒေသတွင်းဂေဟဗေဒ စနစ်ပြောင်းလဲမှုတွေကြောင့် အဲဒီဒေသမှာ ကျင်လည် ကျက်စားကြတဲ့ တိရစ္ဆာန်တွေအတွက် ခြိမ်းခြောက်မှုတွေဖြစ်လာခဲ့တာပါ။ အက်စပီရီတိုကမ်းရိုးတန်းဒေသ၊ ရီဂျန်ဆီယာတံငါရွာမှာ အခြေစိုက်တဲ့ တမာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းက ခုတွေ့ရှိရတဲ့ လိပ်ဟာ အငြင်းပွားဖွယ်ရာ မျိုးတုံးလုနီးပါး ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်ဖြစ်ပြီး အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၂ ပါတ် ကြာတည်းက တွေ့ခဲ့တာလို့ ဆိုပါတယ်။ ကမ္ဘာ့ရှားပါးလိပ်မျိုးစိတ် ၇ ခုထဲက ၅ ခုဟာ ဘရာဇီးနိုင်ငံမှာရှိနေတာဖြစ်ပြီး သူတို့ထဲက ၄ မျိုးဟာ ကမ်းရိုးတန်းမှာ ဥဥချလေ့ရှိကာ နောက်တမျိုးကတော့ ကျွန်းပေါ် မှာ ဥဥချလေ့ရှိတာပါ။ ကမ်းရိုးတန်းတလျှောက် ဥဥချလေ့ရှိတဲ့ လိပ်တွေဟာ နေရောင်ခြည်ဒဏ်မှကာကွယ်ဖို့ ညရေတက်ချိန်ကို ရွေးချယ်လေ့ရှိပြီး ဥဥချိန်ကတော့ စက်တင်ဘာလကနေ မတ်လအထိဖြစ်ပါတယ်။ တမာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းရဲ့အဆိုအရ လိပ်ဥဥချတဲ့ ကျင်းတခုမှာ ဥပေါင်း ၁၂၀ လောက်ရှိပြီး သဲတွေနဲ့ ဖုံးအုပ်မှတ်သားထားခဲ့ကာ ရက်ပေါင်း ၄၅ ရက်မှ ၆၀ အတွင်း အကောင်ပေါက်နိုင်တယ်လို့ ပြောပါတယ်။ သူတို့အဖွဲ့ဟာ လိပ်ဥကျင်းပေါင်း ၃၃ ခုကို ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပေးခဲ့ပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ခဲ့တာပါ။
5 years Ago
Up