ရှီကျန်းလီ

May 3, 2020

ဘက်ပြောင်းခိုလှုံမည့် ကောလာဟလ သတင်းများကို ကိုရိုနာကျွမ်းကျင်ပညာရှင် ရှီကျန်းလီ ငြင်းဆို

တရုတ်နိုင်ငံမှာ လင်းနို့အမျိုးသမီးလို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရေးရာ ကျွမ်းကျင်သူသိပ္ပံပညာရှင် ရှီကျန်းလီဟာ တရုတ်အစိုးရဆီကနေ အနောက်နိုင်ငံတွေဆီကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားနေတယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နေတဲ့ ကောလာဟလကို မေ ၂ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။  ရှီကျန်းလီဟာ တရုတ်နိုင်ငံကနေ ထွက်ပြေး လွတ်မြောက်လာပြီး ပြင်သစ်မြို့တော် ပါရီက အမေရိကန်သံရုံးဆီကို ရာနဲ့ချီတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ သယ်လာတယ် ဆိုတဲ့ ကောလဟလတွေ လွန်ခဲ့တဲ့ ၄၈ နာရီက လူမှုကွန်ရက်ပေါ်မှာ ပျံ့နေခဲ့ပါတယ်။ ရှီဟာ လင်းနို့တွေဆီက ဆင်းသက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေကို သုတေသနပြုရာမှာ နာမည်ကြီးပါတယ်။ သူနဲ့ သူ့မိသားစုဟာ တရုတ်နိုင်ငံထဲကနေ ဘယ်ကိုမှ ဘယ်တုန်းကမှ ထွက်မပြေးခဲ့သလို လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိဘူးလို့ တရုတ်စာတိုပေးပို့မှုဆိုင်ရာ WeChat ပေါ်မှာ ရှီက စနေနေ့မှာ ပြောခဲ့ပါတယ်။ အဲဒီသတင်းစကားကို တရုတ်ကွန်မြူနစ်ပါတီရဲ့ အတည်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိတဲ့ The Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
1 year Ago
Up