ရွှေ့ဆိုင်း

December 29, 2020

မန်စီးတီးအသင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် အဲဗာတန်နှင့်ပွဲစဉ်ကို ရွှေ့ဆိုင်း

မန်စီးတီးအသင်းသားတချို့မှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ထပ်တွေ့တာကြောင့် အဲဗာတန်နဲ့ ကန်မယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ ပါတယ်။  အဲဗာတန်နဲ့ပွဲစဉ်နာရီပိုင်းအလိုရောက်မှ မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးထပ်တွေ့ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးအသင်းမှာ တိုက်စစ်မှူးဂါဘရီယယ်ဂျေးဆူနဲ့ နောက်ခံလူ ဝေါ်ကာတို့က ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတာဖြစ်ပြီး တခြားကစားသမားနဲ့ အသင်းဝန်ထမ်းတွေဆီ ရောဂါကူးစက်ခဲ့တာပါ။  ဘယ်သူတွေမှာ ပိုးတွေ့တယ်ဆိုတာမသိရပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ယူကေ အစိုးရတို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ်ဘက်ကလည်း  ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်ကျင်းပဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။  အခုလအစောပိုင်းက နယူးကာဆယ်နဲ့ ဗီလာပွဲကိုလည်း နယူးကာဆယ်အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲရွှေ့ခဲ့ရပါတယ်။ 
4 months Ago

November 22, 2020

ကိုရိုနာကူးစက်မှုမြင့်တက်လာသဖြင့် ဟောင်ကောင်-စင်ကာပူ ခရီးသွားအစီအစဉ် ရွှေ့ဆိုင်း

ဟောင်ကောင်မှာ  နေ့စဉ်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် မြင့်တက်ပြီးနောက်  နိုဝင်ဘာ ၂၂ ရက်မှာ စတင်မယ့်  ဟောင်ကောင်-စင်္ကာပူ ခရီးသွားအစီအစဉ်ကို သီတင်းနှစ်ပတ် ရွှေ့ဆိုင်းခဲ့ပါတယ်။  ဟောင်ကောင်နဲ့ စင်ကာပူ ဒေသနှစ်ခုက အကန့်အသတ်နဲ့ခရီးသည်တွေကို ကွာရန်တင်း ဝင်စရာ မလိုဘဲ ခရီးသွားခွင့်ပြုတဲ့ ဒီအစီအစဉ်ကို ဒီဇင်ဘာလအစောပိုင်းမှာ ပြန်စတင်မယ်လို့  တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။   နိုဝင်ဘာ ၂၁ ရက်က ဟောင်ကောင်မှာ ဗိုင်းရပ်စ် အသစ်ကူးစက်သူ ၄၉ ယောက် တွေ့ခဲ့ပြီး နောက် ခရီးသွားအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။  ဒီခရီးသွားအစီအစဉ်မှာ လိုက်ပါမယ့် ခရီးသည်တွေဟာ ကွာရန်တင်းဝင်စရာ မလိုပေမဲ့ ခရီးစဉ် မထွက်ခွာခင်ရော ရောက်ရှိချိန်မှာပါ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရမယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။
6 months Ago
More News
Up