ရွှေလောင်းမြို့

October 16, 2021

ရွှေလောင်းမြို့ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရ၊ ဝါးခယ်မမြို့နယ်၌ Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရ

ဧရာ၀တီတိုင်း၊ ဝါးခယ်မြို့နယ်မှာ၊ ရွှေလောင်းမြို့မှာ အောက်တိုဘာလ ၁၆  ရက် မနက် ၇ နာရီလောက်က စစ်တပ်နဲ့ရဲတွေ စုပေါင်းနေတဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ 

ရွှေလောင်းမြို့၊ ရွှေလောင်းတံတားအဆင်းက မြို့အဝင်စုပေါင်းစစ်ဆေးရေးဂိတ်ကို အဝေးထိန်းစနစ်နဲ့ ဗုံးခွဲခဲ့တာ ဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

“တံတားအဆင်းက စစ်ဆေးရေးဂိတ်အဝနားမှာ ဗုံးထားခဲ့တာ အဝေးကနေခွဲတာ ထိခိုက်တာ ရှိ၊ မရှိတော့ မသိသေးဘူး ခုတော့ တအားစစ်နေတယ် ကြားတယ်” လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်တပ်နဲ့ ရဲတွေက အပြင်ထွက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့လည်းဆိုပါတယ်။ 

ရွှေလောင်းစစ်ဆေးရေးဂိတ်ကို ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ အင်အား ၂ ဆချထားကာ အဝင်အထွက်ကားတွေကို အရင်ကထက်ပိုမိုပြီး စစ်ဆေးတင်းကျပ်နေတယ်လို့ သိရပါတယ်။ 

ရွှေလောင်းမြို့မှာ ဗုံးပေါက်ကွဲမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ ဝါးခယ်မမြို့နယ်မှာ  စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲဖျက်ဆီးခဲ့ပါသေးတယ်။

သီလှချောင်းကျေးရွာအနီးမှာရှိတဲ့ စစ်အုပ်စုပိုင်  Mytel တာဝါတိုင်ကို မနက်အစောပိုင်း  ၁ နာရီခွဲလောက်မှာ ဒေသခံ ပြည်သူတွေ ထိခိုက်မှုမရှိအောင် ဗုံးခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“မနက် ၁ နာရီခွဲလောက်မှာ ဗုံးခွဲဖျက်ဆီးခဲ့တာပါ။ ပြည်သူတွေကိုလည်း မထိခိုက်အောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်လည်း စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမယ့် အရာတွေကို တိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက် မနက်ပိုင်းမှာ ရဲတွေ ရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဝါးခယ်မြို့နယ်မှာ စစ်အုပ်စုပိုင်တဲ့ Mytel တာဝါတိုင် ခုလို ဗုံးခွဲဖျက်ဆီးခံရတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

3 months Ago
Up