ရွှေဘိုဆန္ဒပြပွဲ

March 9, 2021

ရွှေဘိုဆန္ဒပြပွဲကို အင်အားသုံးဖြိုခွင်း၊ လူငယ် ၁၀ ဦးခန့် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို နေရာခွဲ ပြုလုပ်ခဲ့ကြပေမယ့် အင်အားသုံးဖြိခွင်းခံရပြီး လူငယ် ၁၀ ဦးလောက် ဖမ်းဆီးခံရတယ်လို့ GZ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေက ပြောပါတယ်။

ရွှေဘို အမှတ် ၁ ဆီခြံလမ်း နဲ့ ရွှေဘိုအမှတ် ၅ ရပ်ကွက်တွေမှာ ထဘီခံတပ်တွေ လမ်းပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မနက်ပိုင်း ၉ နာရီ နဲ့ ဆယ်တစ်နာရီအချိန်တွေမှာ နေရာခွဲပြီး ဆန္ဒထုတ်နေစဥ် ရဲ၊ စစ်တပ် ရောက်လာလို့ ထိပ်တိုက်မတွေ့ပဲ နောက်ဆုတ်ခဲ့ကြပေမယ့် ဖြိုခွင်းခံရပြီး ဆန္ဒပြ လူငယ် ဆယ်ဦးလောက် ဖမ်းဆီးခံရသလို ဆိုင်ကယ်တချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဘို ဆန္ဒထုတ်ဖော်ပွဲကို မတ် ၁ တစ်ရက်နေ့က စတင် ဖြိုခွင်းခံရပြီးနောက် နေ့စဉ် ဆက်လက် ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့ဖမ်းဆီးခံရသူတွေမပါဘဲ မတ် ၇ ရက်နေ့အထိ  ဖမ်းဆီးခံရတဲ့ လူငယ် ၃၁ ဦးရှိတယ်လို့ ဖမ်းဆီးခံရသူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

2 months Ago
Up