ရွှေဘို

July 22, 2021

ရွှေဘိုမြို့တွင် ရဲကားတစ်စီး တံတားကို ဝင်တိုက်ပြီး ရဲ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက အရက်မူးပြီးမောင်းလာတဲ့  ရဲကားတစီးက တံတားကို ဝင်တိုက်မိပြီး  ရဲတပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးသွားပါတယ်။

ရွှေဘိုမြို့ ကားကြီးဝင်းမြောက်ဘက် မူးဘောင်တံတား ဘေးဘက်က အရံအတားကို ရဲကား က ဝင်တိုက်ခဲ့တာလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

 “အခုညနေ ၄ နာရီခွဲလောက်ဖြစ်ပွားတာ သူတို့ မူးနေတယ်။ အခုဖြစ်တဲ့နေရာက ရွေဘိုမြို့ ကားကြီးဝင်း မြောက်ဘက် မူးဘောင်တံတားကို ဝင်တိုက်ပြီး ရဲတစ်ယောက် အဲဒီနေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ၁ ယေက်က ရေထဲကျသွားတယ် အခုရှာဖွေနေတုန်း။ တယောက်က ပြင်းထန်ဒဏ်ရာရတယ်။”

သေဆုံးတဲ့သူနဲ့ ပြင်းထန်ဒဏ်ရာရတဲ့သူကို ရဲတပ်ဖွဲ့က ရွှေဘိုပြည်သူ့ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

7 days Ago

July 20, 2021

ရွှေဘိုတွင် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဇူလိုင် ၁၉ ရက် ညပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ် ၃ ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အခုညပိုင်း ၇ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ပစ်သတ်သွားတယ်။ သူတို့ဘာသာ ဆိုင်ကယ်စီးလာတာပါ၊  ဆိုင်ကယ်တစ်စီးတည်း ၃ ယောက်စီးလာတာကို သေနတ်နဲ့ပစ်သတ်သွားတယ်၊ ရွှေဘိုမြို့ သံလမ်းဆုံမှာဖြစ်ပွားခဲ့တာ။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ကျန် ၂ ဦးကတော့ ရွှေဘိုပြည်သူဆေးရုံမှာ အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

1 week Ago
More News
Up