ရွှေတံဆိပ် ၃ ခု

July 25, 2021

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် တရုတ်က ပထမနေ့ တရက်တည်းတင် ရွှေတံဆိပ် ၃ ခုဆွတ်ခူး

       လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ တရုတ်နိုင်ငံက ပထမနေ့ တရက်တည်းမှာ တင် ရွှေတံဆိပ်ဆု ၃ ဆုနဲ့ ကြေးတံဆိပ် ၁ ခုဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

       ပထမဆုံး ရွှေတံဆိပ်ဆုကိုတော့ အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ်သေနတ်ပစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ ယန်ရှုရန်က ရရှိသွားတာ ဖြစ်ပြီး ဒုတိယမြောက် ရွှေတံဆိပ်ဆုကိုတော့ အမျိုးသမီး ၄၉ ကီလိုတန်း အလေးမပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဇီဟွီဟျူက ထပ်မံဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။

       တရုတ်နိုင်ငံအတွက် တတိယမြောက် ရွှေတံဆိပ်ဆုကိုတော့ Fencing  အားကစားပြိုင်ပွဲ အ မျိုးသမီးတဦးချင်း Women's Individual Epée ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ရိုင်ဝင်ဆွန်းက ရိုမေးနီးယားပြိုင်ပွဲဝင်ကို အနိုင်ယူပြီး ထပ်မံဆွတ်ခူးရရှိခဲ့တာပါ။

       အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် ဝေဖန်းက ကြေးတံဆိပ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

       ကမ္ဘာတဝှမ်း ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကန့်သတ်ထိန်းချုပ် မှုတွေနဲ့ ခုတကြိမ် အိုလံပစ်ပြိုင်ပွဲဟာ တမူထူးခြားတဲ့ ပြိုင်ပွဲအနေနဲ့ မှတ်တမ်းဝင်သွား ခဲ့ပြီး ပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၃ မျိုး၊ စံချိန်တင် ပြိုင်ပွဲပေါင်း ၃၃၉ ပွဲ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ကပ်ဘေးတွေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမားကတော့ ၂ ယောက်သာ ရှိခဲ့ပြီး သူတို့ကတော့ ကြက်တောင်မယ် သက်ထားသူဇာနဲ့ သေနတ်ပစ်ကစားသမား ရဲထွန်းနောင်တို့ ဖြစ်ကြပါတယ်။

3 months Ago
Up