ရွှေကူ

August 19, 2021

ရွှေကူတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၃ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၄၃ ဦးရှိလာ

ကချင်ပြည်နယ် ရွှေကူမြို့မှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရသူ မြင့်တက်လာပြီး  သြဂုတ် ၁၉ ရက် မနက်ပိုင်းအတွင်း  ကိုဗစ်‌‌-၁၉ ရောဂါနဲ့ လူ ၃ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြီး သေဆုံးလူနာ ၄၃ ဦး ထိရှိလာပြီး ဒီနေ့ တစ်ရက်တည်း ၃ ဦး ဆက်တိုက်သေဆုံးခဲ့တာပါ။

“ဒီနေ့မနက် ၉ နာရီအတွင်း ၃ ဦး သေဆုံးတယ်။ စောစောစီးစီးသေတာ၊ အရင်နေ့တွေက အဲဒီလို့ ဆက်တိုက်သေဆုံးတာမရှိဘူး၊ ရောဂါကူးစက်ခံရတာလည်း ပိုများလာနေတယ်” လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ  ကိုဗစ်- ၁၉ တတိယလှိုင်းကာလ ပိုးတွေ့လူနာပေါင်း ၉၀၀ ကျော်ရှိကာ သေဆုံးသူ ၄၃ ဦး ရှိ‌လာပြီလို့ လူမူကူညီရေးပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာတဲ့အတွက်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်က စတင်ကာ stay at home မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။

1 month Ago

July 5, 2021

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲစခန်းကို ရွှေကူမြို့နယ် PDF တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဇူလိုင် ၄ ရက် ည ၁၁ နာရီကျော်မှာ မြို့မရဲစခန်းနဲ့ ငါးဘက်ကြီးကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က ကြေညာပါတယ်။

ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ် ကေအိုင်အေတပ်တွေနဲ့အတူ  မနေ့ညက ငါးဘတ်ကြီးရွာအနီး စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်ရာနေရာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရွှေကူမြို့မရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေလုံခြုံဘေးကင်းရေးကိုရှေးရှုပြီး ည ၁၁ နာရီ ၂၃ မိနစ်မှာ အထိအခိုက်တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း (S.P.D.F)က ကြေညာထားပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း  ထိခိုက် ကျဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့မရဲစခန်းနဲ့ စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောတွေ ၃ ကြိမ်ထက်မနည်း ပစ်ခိုက်တိုက်ခိုက်ခံရပြီး ၂ ကြိမ်ဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကကြေညာထားပါတယ်။ 

3 months Ago
More News
Up