ရွေးကောက်ပွဲအနိုင်ရ

November 17, 2020

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီ အနိုင်ရသည့်အပေါ် တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက မြန်မာနိုင်ငံမှာ လတ်တလော ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုကြောင်း တရုတ်နိုင်ငံသမ္မတလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ မစ္စတာ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။  မစ္စတာ ရှီကျင့်ဖျင်က နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ ချီးကျူးဂုဏ်ပြုစကား ပြောကြားလိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့တာကို ဝမ်းမြောက်စွာကြားသိရကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အောင်နိုင်ခဲတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံပြည်သူတွေကို ချီးကျူးဂုဏ်ပြုကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ နိုင်ငံတော်စည်ပင်ဝပြောရေးဟူသော မွန်မြတ်တဲ့ လုပ်ငန်းကြီးမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရုတ်နိုင်ငံက ပါတီနှစ်ခုနဲ့ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကြိုးပမ်းပြီး ပါတီနှစ်ခုနဲ့ နှစ်နိုင်ငံဆက်ဆံရေးရဲ့ နိုင်ငံရေးဦးဆောင်မှုကို မြှင့်တင်ပြီး အာဏာရပါတီတွေအကြား ကူးလူး ဆက်ဆံအပြန်အလှန်အတုယူမှုကို နက်ရှိုင်းစေကာ “The Belt and Road” နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးမူဘောင်အတွင်း နယ်ပယ်အသီးသီးမှာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လိုကြောင်းလည်း တရုတ်သမ္မတက ပြောပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းမှ အောင်မြင်မှုရလဒ်များရရှိဖို့ တွန်းအားပေးပြီး နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကို အကျိုးပြုစေလိုတယ်လို့လည်း   သမ္မတ ရှီကျင့်ဖျင်က   ပြောပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ခုနှစ်ဆန်းပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက  သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ  အန်အယ်လ်ဒီပါတီအနိုင်ခဲ့စဉ်ကလည်း ချီးကျူးဂုဏ်ပြု အသိမှတ်ပြုကြောင်း အမြန်ထုတ်ပြန် ကြေညာခဲ့တဲ့နိုင်ငံဖြစ်ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  နောက်ကျမှာ ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်  နာရန်ဒြာမိုဒီကတော့ ရွေးကောက်ပွဲရလဒ် စသိရတဲ့ အစောပိုင်းရက်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရတဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ထားပါတယ်။ ဓာတ်ပုံ- State Counsellor
7 months Ago

November 13, 2020

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄၉  ဦး၏ အမည်စာရင်း ကော်မရှင်အတည်ပြုထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ  ထပ်မံ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။   ပြည်သူ့လွှတ်တော် -ဦးတင်အေး၊ ကချင်ပြည်နယ်၊ မိုးညှင်းမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဆော်ထီနီ၊ ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ်၊ တွန်းဇန်မဲဆန္ဒနယ်၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - ဒေါက်တာမင်းသိန်း၊ စစ်ကိုင်းတိုင်း၊ ရေဦးမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမြင့်ထွန်း၊စစ်ကိုင်းတိုင်း၊ တန့်ဆည်မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမျိုးညွန့်၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျော်စိုး၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်း၊ တောင်သာမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျောက်တယ်ချန်၊ ရှမ်းပြည်နယ်၊ လောက်ကိုင်မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးဝေစန်း၊ ရှမ်းပြည်နယ်၊ ကုန်းကြမ်းမဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးအောင်မြင့်ရှိန်၊ ရှမ်းပြည်နယ်၊ မဘိမ်းမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ်၊ မိုင်းယောင်းမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ခွန်ထိုင်း၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မဲဆန္ဒနယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော် -ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ်၊ အမှတ် (၇)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ခင်နှင်းထွေး၊ ကချင်ပြည်နယ်၊ အမှတ် (၈)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးခေါတိန့်၊ ကချင်ပြည်နယ်၊ အမှတ် (၉)၊ ဒီမိုကရေစီပါတီသစ်(ကချင်)  -ဦးကျော်မြင့်ဌေး၊ စစ်ကိုင်းတိုင်း၊ အမှတ် (၅) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် -ဦးဒိုင်လွမ်း၊ ကချင်ပြည်နယ်၊ ဆော့လော် (၁)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ခေါ်မာဝူ၊ ကချင်ပြည်နယ်၊ ဆော့လော် (၂)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးရင်ထန်ဆင်ဗေး၊ ကချင်ပြည်နယ်၊ မချမ်းဘော (၁)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးစောနွဲ့ခွန်ဆိုင်ခမ်း၊ ကချင်ပြည်နယ်၊ မချမ်းဘော (၂)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးတင့်စိုး၊ ကချင်ပြည်နယ်၊ ဖားကန့် (၁)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးလဆိုင်း၊ ကချင်ပြည်နယ်၊ ဆော့လော် (၂)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်သက်သူဇာခိုင်(ခ)သက်ထားနှောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်း (၁)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမျိုးမျိုးကျော်၊ ကချင်ပြည်နယ်၊ မိုးညှင်း (၂)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကမ်းခင်းမန်၊ ချင်းပြည်နယ်၊ တွန်းဇန် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  -ဦးကျော်ဆွေဝင်း၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမြင့်ထိုက်ဦး၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝင်းရွှေ၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးညီညီဟန်၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျော်ရွှေ၊ စစ်ကိုင်းတိုင်း၊ တန့်ဆည် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမင်းလွင် (ခ) ဦးမြင့်ဦး၊ စစ်ကိုင်းတိုင်း၊ တန့်ဆည် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသန်းညွန့် (ခ) ဦးသန်းညွန့်ဝင်း၊ စစ်ကိုင်းတိုင်း၊ ရေဦး (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမြင့်ထွေး၊ စစ်ကိုင်းတိုင်း၊ ရေဦး (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝိုင်းချစ်၊ မန္တလေးတိုင်း၊ တောင်သာ(၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျော်မျိုးအောင်၊ မန္တလေးတိုင်း၊ တောင်သာ (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအောင်ဇော်ထွေး၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာ (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးနေလင်းအောင်၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာ (၂ )၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျော်မြင့် (ခ) ဦးကျော်ကြီး၊  ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဟန်ထူးအောင်၊ ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)  (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ထုမေ၊ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသား၊ တသီးပုဂ္ဂလ -နော်လှလှစိုး (ခ) နော်စူစင်နာလှလှစိုး၊ ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဇော်မြင့် (ခ) ဦးကျော်ဦး၊ ရှမ်းပြည်နယ်၊ နမ့်ဆန် (၁)၊ တအာင်း(ပလောင်)အမျိုးသားပါတီ -ဦးဝင်းထူး၊ ရှမ်းပြည်နယ်၊ နမ့်ဆန် (၂)၊ တအာင်း(ပလောင်)အမျိုးသားပါတီ -ဦးကြာထွန်း၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင် (၁)၊ တအာင်း(ပလောင်)အမျိုးသားပါတီ -ဦးနော်အောင်၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးသိန်းဇော်၊ ရှမ်းပြည်နယ်၊ မန်တုံ (၁)၊ တအာင်း(ပလောင်)အမျိုးသားပါတီ -မိုင်းနိုင်အောင်မိုး၊ ရှမ်းပြည်နယ်၊ မန်တုံ (၂)၊ တအာင်း(ပလောင်)အမျိုးသားပါတီ
7 months Ago
More News
Up