ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း

October 14, 2021

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း နေအိမ်ဝင်းထဲ ချိန်ကိုက်မိုင်းဖြင့် ပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဟောင်းပိုင် အိမ်ခြံဝင်းထဲ အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်က ချိန်ကိုက်မိုင်းနဲ့ ပစ်ခံခဲ့ရပါတယ်။

ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက လာရောက်ပစ်သွားတာဖြစ်ပြီး မိုင်းကတော့ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရောက်လာပြီး သိပ္ပံလမ်းကို ပိတ်ဆို့ကာ မိုင်းရှင်းလင်းရေးနဲ့ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

မိုင်းနဲ့ပစ်ခံရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဟောင်း ဦးတင်အေးပိုင်နေအိမ်ဟာ ယခင်က မန္တလေးအလင်း သတင်းစာတိုက်အဖြစ် အသုံးပြုခဲ့တဲ့ ရုံးလည်းဖြစ်ပါတယ်။

1 year Ago
Up