ရွေးကောက်တင်မြှောက်

November 17, 2020

လွှတ်တော်အမတ် ဖရန်သီကိုစာဂါစတီကို ပီရူးကြားဖြတ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်

လွှတ်တော်အမတ်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဖရန်သီကိုစာဂါစတီကို ပီရူး ကြားဖြတ်သမ္မတအဖြစ် ကွန်ဂရက်လွှတ်တော်က  နိုဝင်ဘာလ ၁၆ ရက်မှာ ရွေးကောက် တင်မြှောက်လိုက်ပါတယ်။  ပီရူးနိုင်ငံမှာ သမ္မတနှစ်ဦး ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အခုလို လုပ်ဆောင်ခဲ့တာပါ။ မိုရာဒိုပါတီက ဗဟိုဝါဒီ စာဂါစတီဟာ ပီရူးရဲ့ တစ်ခုတည်းသော လွှတ်တော်ကွန်ဂရက် ဘုတ်အဖွဲ့ကို ဦးဆောင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် ရခဲ့ပါတယ်။ ဒီအတွက် သူဟာ လာမယ့်ဧပြီလ  ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံဥပဒေအရ သမ္မတရာထူးကို ရရှိမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 
7 months Ago

September 23, 2020

ဘူဂိန်းဗဲလ်ကျွန်းတွင် သူပုန်စစ်ခေါင်းဆောင်ဟောင်းကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်

တောင်ပစိဖိတ်ဒေသတွင်းက ဂျာမန်အင်ပါယာ လက်အောက်ခံဖြစ်ဖူးတဲ့ ဘူဂိန်းဗဲလ်ကျွန်း ဒေသမှာ သူပုန်စစ်ခေါင်းဆောင်ဟောင်း အစ်ရှ်မေးလ်တိုရိုအာမာကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ ရွေးကောက်ပွဲကို ဩဂုတ်လ ၁၂ ရက်ကန စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ မနှစ် နှစ်ကုန်ပိုင်းမှာ ဘူဂိန်းဗဲလ်ကျွန်းအနေနဲ့ ပါပူအာ နယူးဂီနီနိုင်ငံကနေ ခွဲထွက်ဖို့ အားတက်သရော မဲပေးခဲ့အပြီး ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။ ပါပူအာနယူးဂီနီနိုင်ငံဆီကနေ လွတ်လပ်ရေး အရယူမယ့် ဆွေးနွေးပွဲတွေကိုလည်း သူပဲ ဦးဆောင်မယ်လို့  ရွေးကောက်ပွဲကော်မရှင် အရာရှိတွေက စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ သတ္တုကြွယ်ဝတဲ့ ကျွန်းစုဒေသ ဘူဂိန်းဗဲလ်ဟာ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်ကြောင့် လူ ၂၀၀၀၀ လောက် သေဆုံးခဲ့အပြီး ၁၉၉၈ မှာ စစ်ပွဲပြီးဆုံးခဲ့တဲ့အတွက် စီးပွားရေး တိုးတက်မှု နည်းနည်းသာ ရှိပါတယ်။
9 months Ago
Up