ရွိုင်းအိုလာ

February 19, 2020

ပေါ့ဘာကို ထောင်သားတယောက်လို  သဘောမထားရန် တိုက်တွန်း 

ပေါလ်ပေါ့ဘာဟာ မန်ယူနိုက်တက်ကစားသမားဖြစ်ပြီး ရွိုင်းအိုလာရဲ့ ကစားသမား မဟုတ်ဘူးလို့ ဆိုးလ်ရှားရဲ့ ပြောစကားကို  စူပါအေးဂျင့် မီနိုရွိုင်းအိုလာက ပြန်တုံ့ပြန်လိုက်ပါတယ်။ ပေါ့ဘာကို သူ့အနေနဲ့ မပိုင်ဆိုင်ကြောင်းနဲ့ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို ထောင်သားတဦးလို သဘောမထားသင့်ကြောင်း တုံ့ပြန်လိုက်တာပါ။ ဒါ့အပြင် ယူကေမှာ လူသားတဦးကို အချိန်ကာလရှည်ကြာစွာ ထိန်းသိမ်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဆိုးလ်ရှားအနေနဲ့ သူ့အမြင်နဲ့ ပြောတဲ့စကားတွေကို သတိထားသင့်ပြီး ပြောတဲ့စကားတွေဟာ သူ့ကိုယ်သူ ဖော်ပြနေတယ်လို့ ရွိုင်းအိုလာက ဝေဖန်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုးလ်ရှားဟာ တခြား ဖြေရှင်းရမယ့် ပြဿနာတွေအတွက် စိုးရိမ်ပူပန်နေရမယ့်အချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။  ပေါလ်ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရာသီတွေကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို ‌စွန့်ခွာမယ်ဆိုတဲ့ သတင်းတွေ ကြီးခဲ့ပေမယ့် စူပါအေးဂျင့် ရွိုင်းအိုလာနဲ့ အသင်းကြားမှာ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up