ရှမ်းပြည်နယ်

May 30, 2019

ရှမ်းပြည်နယ် လဲချားတွင် ရှေးဟောင်းဆင်းတုတော် အမြောက်အမြား တူးဖော်တွေ့ရှိ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် ရာကျော်က ရှေးဟောင်းဆင်းထုတော်နဲ့ ဗုဒ္ဓသာသနာဆိုင်ရာ ရုပ်တုတွေ တူးဖော်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က  ကျောင်းတိုက်ပိုင်မြေကို တိုင်းထွာဖို့အတွက် သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ထူးခြားတဲ့ မြေအုတ်တခု အနည်းငယ်ပေါ်နေတဲ့နေရာကို  တူးဖော်ကြည့်ရာမှ ရှေးဟောင်းဆင်းတုတွေ အမြောက်အမြား ဆက်လက်တူးဖော်တွေ့ရှိတာလို့ ကျောင်းထိုင်ဆရာတော် အရှင်ဒေါက်တာ ပဏ္ဍ၀က ဒီဗွီဘီကို မိန့်ပါတယ်။ “အဲဒီနေ့မနက်က ဘုန်းဘုန်းရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒကာ ရွာသားတွေက ကျောင်းတိုက်အပြင်ဘက်က ကျောင်းမြေကို တိုင်းထွာဖို့သွားကြတယ်။ စိုင်းအိုက်ဆိုတဲ့ ဒကာ တယောက်က  စေတီဟောင်းရဲ့ကုန်းမြေတခုမှာ အဖြူရောင်အုတ်သားလေး နည်းနည်းပေါ်နေ တာတွေ့လို့ ဖယ်ကြည့်တော့ အုတ်ချပ်အရင်တွေ့တယ်၊ ဆက်တူးတော့ ဆင်းထုတော်ရဲ့ ခေါင်းပိုင်း ကိုတွေ့တာ၊ အမြင့် ၄ ပေကျော်ရှိတဲ့ မြေပေါက်ဘုရားဖြစ်ပါတယ်။ သက်တမ်းနှစ်ရာကျော်ရှိ ရှေးဘုရားဖြစ်တယ်၊ ရွှေသားစစ်စစ် ဆင်းထုတော်တဆူ၊ ငွေသားနဲ့ ထုထားတဲ့ ဆင်းထုတော် ၄ ဆူပါတယ်။” အဲဒီနေ့ကစပြီး ဒီနေ့ထိ နားလိုက် ရပ်လိုက်နဲ့ ဆက်လက်တူးဖော်နေရာမှာ မေ ၂၇ ရက်နေ့ထိ ဆင်းတုတော်ပေါင်း ၁၃၅ ဆူနဲ့ ဗုဒ္ဓ၀င်ဆိုင်ရာ ကျောင်းဆောင်တွေ၊ ဇော်ဂျီရုပ်၊ ရဟန်းရုပ်၊ မြင်းရုပ်၊ ရှေးစစ်သည်တော်ရုပ်၊ သပိတ်စတဲ့ အရုပ်တွေ၊ အကျိုးအပဲ့တွေကိုပါ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ တူးဖော်ရရှိတဲ့ ရှေးဟောင်းဆင်းတုတော်တွေကို ယာယီစံနန်းမှာ ပင့်ဆောင်ထားပြီး တိုင်းမှူးနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေလည်း လာရောက်ဖူးမြော်ခဲ့ကြောင်း၊ အဆိုပါ ရုပ်တုတွေကိုတော့ သက်ဆိုင်ရာ ရှေးဟောင်းယဉ်ကျေးမှုဌာနကို အပ်နှံမှာမဟုတ်ဘဲ ကျောင်း တိုက်မှာ ပြတိုက်လုပ်ပြီး အများသူငှာ လေ့လာဖူးမြော်ရအောင် ထားရှိသွားမယ်လို့  ဆရာတော်က မိန့်ပါတယ်။ အဆိုပါနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကလည်း အလေးချိန် ၃၃၀ ပိဿာရှိ ကြေးသွန်းရှေးဟောင်းဘုရားတဆူလည်း တူးဖော်တွေ့ရှိခဲ့ပြီး လဲချားမြို့ဦးစေတီဘုရားမှာ ပင့်ဆောင်ကိုးကွယ်ထားတယ်လို့ သိရပါတယ်။
2 years Ago

May 21, 2019

ဆီဆိုင်မြို့နယ်ရှိ က​လေးငယ်များကို ပရဟိတအဖွဲ့က ခေါ်​ဆောင်​မှု အာဏာပိုင်​များ စစ်​​ဆေး

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်ထဲက ကျေးရွာတွေကနေ က​လေးငယ် အယောက် ၆၀ ကို သက်​​သေအ​ထောက်​အထား မပါဘဲ ပရဟိတ​ကျောင်းကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ​ဒေသခံ​တွေက စိုးရိမ်​တဲ့အတွက်​ အာဏာပိုင်​​တွေ ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်​။ ပဲခူးတိုင်း​ဒေသကြီးရှိ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းက ဆရာ​တော်​တပါးနဲ့ ​စေတနာ အလင်း​ရောင် ပရဟိတအဖွဲ့က ကလေးငယ်တွေကို မေလ ၂၀ ရက်​က လာ​ရောက်​​ခေါ်ယူခဲ့တာပါ​။ ဆီဆိုင်​မြို့ အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးစံဝင်း​မောင်​က “ပရဟိတအဖွဲ့ကို သက်​​သေအ​ထောက်​အထား​တွေ မေးတာ မပြနိုင်​ဘူး၊ ​ဆရာ​တော်​လည်း သာသနာ​ရေးသက်​​သေ မပြနိုင်​ဘူး။ အဲဒါနဲ့ ဝန်​ခံကတိထိုးခိုင်းတာ မထိုးချင်​​သေးဘူး၊ မထိုးရင်​ က​လေး​ခေါ်ခွင့် မပြုဘူး​ပြောမှ ​စေတနာအလင်း​ရောင် ပရဟိတအဖွဲ့က မငြိမ်းဝင့်​သူက ဝန်​ခံကတိလက်​မှတ်​ထိုးတာ” လို့ ပြောပါတယ်​။ အဲဒီလို လာေ​ရာက်​​ခေါ်ယူတာကို က​လေးမိဘ​တွေကလည်း ​သ​ဘောတူပေမယ့် ပရဟိတဆိုပြီး က​လေး​တွေကို အလွဲသုံးစား ပြုလုပ်​မှာကို ​ဒေသခံ​တွေက စိုးရိမ်​​နေကြပါတယ်​။ ရှမ်းပြည်​နယ် လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးထွန်းဦးက “သူတို့​ခေါ်မယ်​ဆိုလည်း ကျနော်တို့ကို အသိမ​ပေးဘူး၊ ပရဟိတဆိုပြီး လိမ်​သွားတာ​တွေ တပုံကြီး၊ ဥပ​ဒေနဲ့လည်းမညီဘူး၊ ဘုန်းကြီးဆို သာသနာရေး အ​ထောက်​အထား လိုတယ်​” လို့ ပြောပါတယ်​။ အခု​ခေါ်ယူတဲ့ က​လေး​တွေထဲမှာ အသက် ၂ နှစ်​၊ ၃ နှစ်အရွယ်ကလေး အပါအဝင်​ ဆီဆိုင်​မြို့နယ်​ရှိ ​ကောင်​ဝိန်းကြီးရွာက ၃၉ ဦး၊ ​တောင်းတပ်​ရွာက ၁၂ ဦး၊ လွယ်​ခရယ်​ရွာက ၆ ဦး၊ ဆိုက်​​ခေါင်​ရွာက ၁ ဦး၊ မဲ​ဘောင်​ရွာက ၁ ဦး၊ ပင်​ငို(၁) ​ပေါင်းရွာက ၆၀ ဦးတို့ကို ဒို့ညီ​နောင်​ Express ကားနဲ့ လာ​ရောက်​​ခေါ်​ဆောင်​တာပါ။ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းဟာ ပဲခူး ​ရွှေမု​ဌောဘုရား အ​ရှေ့ဘက်​မှာရှိပြီး ကျောင်းသား ၂၀၀ ​လောက်​ကို ထိန်းသိမ်းစောင့်ရှောက်ထားတာလို့ ပဲခူး​ဒေသခံတဦးက ပြောပါတယ်။ “အရင်​နှစ်​ ကျောင်းသား​ဟောင်း​တွေ မိဘထံပြန်​သွား​တော့ ဘုန်းကြီးက ပြန်​သွား​ခေါ်တာပါ၊ အသစ် လေးငါး​ယောက်​ပဲ ပါမယ်။ စေတနာအလင်း​ရောင် ပရဟိတက အဲ​ဒီကျောင်းမှာ​ ဆေးကု​ပေး​နေတာ သူတို့ အဲလိုရှင်းပြဖို့ လိုတယ်” လို့ ပြောပါတယ်​။ ဆီဆိုင်​မြို့နယ်​မှာ နှစ်​စဉ် ကျောင်းဖွင့်​ချိန်​မှာ က​လေးတွေကို လာ​ရောက်​​ခေါ်ယူသူတွေ ရှိပြီး တချို့တွေက က​လေးတွေကို ခိုင်းစားကြတာရှိသလို အလှူခံခိုင်းတာတွေလည်း ရှိလို့ ဒုက္ခ​ရောက်​သွားတဲ့ က​လေး​တွေလည်း အများအပြားရှိတယ်​လို့ အမည်​မ​ဖော်​လိုတဲ့ ဆီဆိုင်​​ဒေသခံတဦးက ပြောပါတယ်​။ သတင်း - ခွန်​ရာဇာ
2 years Ago
More News
Up