ရွန်းနီ

December 6, 2020

ဘူးလုပ်လှောင်ပြောင်ခဲ့သည့် မီဝေါလ်ပရိသတ်လုပ်ရပ်အပေါ် စိတ်ပျက်မိဟု ရွန်းနီပြော

ဒီဇင်ဘာ ၅ ရက်နေ ချန်ပီယံရှစ်ပွဲစဉ်အစ ကစားသမားတွေ ဒူးထောက်နေချိန်မှာ ဘူးလုပ်လှောင်ပြောင်ခဲ့တဲ့ မီဝေါလ်ပရိတ်သတ်တွေရဲ့လုပ်ရပ်ဟာ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ဒါဘီနည်းပြ ဝိန်းရွန်းနီက ပြောပါတယ်။  မီဝေါလ်အသင်းနဲ့ ဒါဘီအသင်းတို့ရဲ့ပွဲစဉ်မှာ မီဝေါအသင်းဟာ ဒုတိယမြောက်တစ်နိုင်ငံလုံး lockdown ပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ပရိသတ် ၂၀၀၀ လောက်ကို ကွင်းထဲဝင်ကြည့်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းထဲကို ပရိသတ်တွေပြန်လည်ဝင်ရောက်မှုဟာ ပွဲမတိုင်ခင် လှောင်ပြောင်မှုဖြစ်ရပ်ကြောင့် ရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။ ဒီလိုမျိုးကြားရတာဟာ လူပေါင်းများစွာအတွက် စိတ်ပျက်ဖွယ်ရာကိစ္စပါ လို့ ရွန်းနီက ပြောပါတယ်။  “ကျနော့်အသင်းရဲ့ လုပ်ဆောင်မှုအတွက်တော့ ဂုဏ်ယူမိပါတယ်။ မိနစ် ၉၀ အတွင်းမှာ သူတို့ဟာ ဒီကိစ္စကို မဖြစ်ခဲ့သလိုမျိုး ကစားသွားနိုင်ခဲ့ပေမဲ့ သူတို့စိတ်ထဲမှာ ဒီအကြောင်းကို တွေးနေမှာတော့ သေချာပါတယ်” လို့ ရွန်းနီကပြောပါတယ်။  ဒီပွဲမှာ ရွန်းနီရဲ့ ဒါဘီကောင်တီအသင်းဟာ မီဝေါလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘူးလုပ်လှောင်ပြောင်ခဲ့ခြင်းနဲ့ပတ်သတ်ပြီး အက်ဖ်အေနဲ့ ခွဲခြားဆက်ဆံမှုတိုက်ဖြတ်ရေးအဖွဲ့ Kick It Out တို့ကလည်း ရှုတ်ချခဲ့ကာ ဒါဘီတိုက်စစ်မှူး ကော်လင်းကာဇင် ရတ်ချက်ကတော့ ဒီဖြစ်ရပ်ဟာ လုံးဝကို ကျက်သရေမရှိတဲ့လုပ်ရပ်လို့ပြောပါတယ်။  ဘောလုံးပွဲတွေ ပြန်လည်စတင်တဲ့ ဇွန်လကစလို့ ပရီးမီးယားလိဂ်နဲ့ အီး အက်ဖ်အယ်လ်ပွဲစဉ်တွေက ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေဟာ ပွဲမစတင်မီ ဒူးထောက်ငြိမ်သက်မှု လုပ်ဆောင်ခဲ့ကြပါတယ်။  အသားအရောင်တန်းတူညီမျှရေးဆောင်ရွက်ချက်တစ်ခုဖြစ်တဲ့ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့ သဘောထားကို ပြသတာဖြစ်ပါတယ်။ မန်စီတီးနဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မီကာရတ်ချက်ကလည်း ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ခြင်းကို ရှုတ်ချတာဟာ လူမျိုးရေးခွဲခြားမှုကို ထောက်ခံအားပေးတာနဲ့အတူတူပဲလို့ ကိုဗင်ထရီနဲ့ အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း ဒီယွန် ဒဗ္ဗလင်ကပြောပါတယ်။  ပြီးခဲ့တဲ့သောကြာနေ့မှာမှ မီဝေါလ်ရဲ့ပထမအသင်းသားတွေဟာ ခွဲခြားဆက်ဆံမှုပုံစံတိုင်းကို အားကစားပွဲတွေကနေ ဖယ်ရှားတဲ့လှုပ်ရှားမှုများကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။  ဒါပေမယ့် စနေနေ့ပွဲစဉ်မှာ ပရိသတ်တွေနဲ့ အော်ဟစ်လှောင်ပြောင်မှုအတွက် စိတ်ပျက်မိတယ်လို့ မီဝေါလ်အသင်းနည်းပြ ဂါရီရိုးဝတ်က ပြောပါတယ်။
5 months Ago

November 7, 2020

ဟယ်ရီကိန်းက ရွန်းနီထက် ပိုကောင်းသည့်တိုက်စစ်မှူးဟု ပြောမရကြောင်း ဒါရင်းဘန့် သုံးသပ်

ဟယ်ရီကိန်းဟာ ဝိန်းရွန်းနီကို ကျော်ဖြတ်ပြီး အင်္ဂလန်အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ပြောလို့ မရသေးကြောင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ပြောပါတယ်။  စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁၃ ပွဲမှာ ၁၄၉ ဂိုးအထိ သွင်းယူ ထားပြီး အဲဒီလိုစွမ်းဆောင်ရည်က ထူးချွန်ပေမဲ့လည်း အင်္ဂလန်အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောမရကြောင်း ဒါရင်းဘန့်က သုံးသပ်ပါတယ်။ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ထိပ်တန်းကစားသမား ၅ ဦးစာရင်း မှာတောင် မပါဝင်သေးကြောင်း ဒါရင်းဘန့်က ပြောပါတယ်။  ဟယ်ရီကိန်းက ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေပေမဲ့ ဝိန်းရွန်းနီလို နေရာပေါင်းစုံမှာ မကစားခဲ့ ဖူးကြောင်း၊ ကိန်းက အင်္ဂလန်အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောလာရင်တော့ လက်မခံနိုင်ကြောင်း ဒါရင်းဘန့်က သုံးသပ်ပါတယ်။ 
6 months Ago
More News
Up