ရဲထံမှသေနတ်လုခဲ့သည့်

September 23, 2017

ရဲထံမှသေနတ်လုခဲ့သည့် မူးယစ်တရားခံ သေနတ်ကျည်ဆန် ထိမှန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားမားကျေးရွာမှာ မူးယစ်တရားခံကို ဖမ်းစီးစဉ် တရားခံမှ ရဲဆီက သေနတ်ကိုယူခဲ့ရာ ကျည်ထွက်ပြီး တရားခံကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၁ ရက်မနက် ၃ နာရီက နားမားရဲစခန်းမှ ဒုရဲအုပ် ဆုဝေနဲ့အဖွဲ့ဟာ နမ်းခမ်းရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့နဲ့ ရပ်ကွက်တွင်း ကင်းလှည့်နေချိန် မေတ္တာပေါင်းကူး တံတားအနီး မသင်္ကာဖွယ်ရာလူ ၂ ဦးကို စစ်ဆေးဖို့ကြိုးစားရာမှာ တံတားအောက်ဝင်ပုန်းနေလို့ ဝင်ရောက်ဖမ်းဆီးရင်း အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ၀င်ရောက်ဖမ်းဆီးရာမှာ လုံးထွေး သတ်ပုတ်မှုဖြစ်ခဲ့ပြီး ရဲဒုတပ်ကြပ်ဝင်းတင့်ရဲ့ အမ် ၂၂ အမျိုးအစား သေနတ်ကို လုယူရာမှ ကျည် ၁ ချက်ဖောက်ထွက်ပြီး လုံးထွေးသူ ဝင်းစိုးဦးရဲ့ ဝမ်းဗိုက် ယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ တရားခံ နှစ်ဦးမှာ ခိုင်ထူးနဲ့ ဝင်းစိုးဦး တို့ဖြစ်ပြီး ဝင်းစိုးဦး ဝတ်ဆင်ထားတဲ့ အားကစားဘောင်းဘီတို နောက်အိပ်ကပ်ထဲက ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါမှုန့် အလေးချိန် ၀ ဒသမ ဝ၁ ဂရမ်နဲ့ ဘိန်းရည်သုတ်လိမ်းထားတဲ့ ခပ်ပုံ ၁ လုံး အလေးချိန် ၁ ဒသမ ၀၂ ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရှိသူ ဝင်းစိုးဦးကို နားမားတိုက်နယ်ဆေးရုံက တဆင့် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီး သူတို့ ၂ ဦးကို နားမားရဲစခန်းက မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မုန်းမုန်းမင်း
4 years Ago
Up