ရဲကား

July 22, 2021

ရွှေဘိုမြို့တွင် ရဲကားတစ်စီး တံတားကို ဝင်တိုက်ပြီး ရဲ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက အရက်မူးပြီးမောင်းလာတဲ့  ရဲကားတစီးက တံတားကို ဝင်တိုက်မိပြီး  ရဲတပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးသွားပါတယ်။

ရွှေဘိုမြို့ ကားကြီးဝင်းမြောက်ဘက် မူးဘောင်တံတား ဘေးဘက်က အရံအတားကို ရဲကား က ဝင်တိုက်ခဲ့တာလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

 “အခုညနေ ၄ နာရီခွဲလောက်ဖြစ်ပွားတာ သူတို့ မူးနေတယ်။ အခုဖြစ်တဲ့နေရာက ရွေဘိုမြို့ ကားကြီးဝင်း မြောက်ဘက် မူးဘောင်တံတားကို ဝင်တိုက်ပြီး ရဲတစ်ယောက် အဲဒီနေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ၁ ယေက်က ရေထဲကျသွားတယ် အခုရှာဖွေနေတုန်း။ တယောက်က ပြင်းထန်ဒဏ်ရာရတယ်။”

သေဆုံးတဲ့သူနဲ့ ပြင်းထန်ဒဏ်ရာရတဲ့သူကို ရဲတပ်ဖွဲ့က ရွှေဘိုပြည်သူ့ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

7 days Ago

May 29, 2021

ရဲကားကို ထော်လာဂျီ ဝင်တိုက်၊ မောင်းသူ ဖမ်းခံရ

မန္တလေးတိုင်း မိုးကုတ်မြို့တောင်နီ​ကွေ့ရပ်ကွက်အနီးမှာ မေ ၂၉ ရက်မနက်ပိုင်းက ရဲကား တစ်စီးကို ထော်လာဂျီတစ်စီးက ဝင်တိုက်မိပြီး ထော်လာဂျီမောင်းသူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရဲကားတိုက်ခံရပြီးတဲ့နောက် တောင်နီကွေ့အနီးတဝိုက် စစ်ဆေးတာတွေလုပ်နေပြီး  အကြမ်းဖက်စစ်ကောင်စီတပ်က သပိတ်မှာ ပါဝင်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

မေ ၂၈ ရက်ညကလည်း မင်္ဂလာကန်ပေါင်မှာ ငါးမျှားနေတဲ့ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

2 months Ago
More News
Up