ရေးမြို့

April 30, 2021

ရေးမြို့တွင် စားသုံးဆီဈေးနှုန်း စတင်မြင့်တက်လာ

မွန်ပြည်နယ် ရေးမြို့ အခြေခံစားသောက်ကုန်တွေထဲက စားသုံးဆီဈေးတွေ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စားသုံးဆီတွေထဲမှ ထိုင်းနိုင်ငံထုတ် ဆီသန့် ၁ ပါကင်မှာ အရင်ဈေးတွေထက် ၂၀၀၀ ကျော်လောက် မြင့်တက်သွားခဲ့ရသလို ပြည်တွင်းထုတ် စားသုံးဆီမှာလည်း ၁ ပါကင်ကို ၄၀၀၀ ကျော်လောက် အခုရက်ပိုင်းမှ စတင်ပြီး ဈေးတွေ မြင့်တက်သွားတာကြောင့် ဈေးကြီး ပေးဝယ်နေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေထဲမှ စားသုံးဆီတွေ ဈေးမြင့်တက်လာနေခဲ့သလို တခြား စားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ကြက်သွန်နီတွေပါ ဈေးအနည်းငယ်ဆီ မြင့်တက်နေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ရေးမြို့နယ်မှာ ကုန်စည်စီးဆင်းမှုက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ကြပြီး အရောင်းအဝယ်တွေပါ အေးနေတယ်လို့ ဆိုပါတယ်။

2 weeks Ago

April 29, 2021

ရေးမြို့နယ် ဒူးရင်းသီးပေါ်ချိန် ဈေးကောင်းမရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒေသထွက် ဒူးရင်းသီးတွေ ဈေးကွက်အတွင်း  စတင်ဝင်ရောက်လာနေပေမယ့် ရန်ကုန် ပွဲရုံတင်ပို့မှု အရောင်းအဝယ်မရှိတာကြောင့် ဒူးရင်းသီးတွေ ထင်သလောက် ဈေးကောင်းမရဘူးလို့  ဒူးရင်းစိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဒူးရင်းသီး ဈေးတွေဟာဆိုရင် ကျပ်  ၅၀၀၀ ကျပ်အထိ ရရှိပြီးတော့ အခုက  ကျပ် ၂၀၀၀ သာ ရရှိသလို အခုလို စစ်အာဏာသိမ်းပြီးနောက်  ဒူးရင်းသီးတွေ ရန်ကုန်ပွဲရုံဘက် တင်ပို့မှုကလည်း ကျဆင်းသွားတဲ့အပြင် အရောင်းအဝယ်ပါ ထိခိုက်ခဲ့လို့ အရှုံးပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒူးရင်းသီး ရာသီပေါ်ချိန်မှာ ဈေးတွေ ပြီးခဲ့တဲ့ နှစ်က ရာသီလို ဈေးကောင်း ရရှိဖို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုလို ဈေးတွေ ထက်ဝက်နီးပါးလောက် ကျဆင်းနေတဲ့အတွက် ဒူးရင်းသီးခြံ တောင်သူတွေလည်း ဝင်ငွေထိခိုက်နေပါတယ်။

ရေးမြို့နယ်မှာ ဒေသထွက် ရိုးရိုး ဒူးရင်းသီးတွေအပြင် ထိုင်းမျိုးစပ်ရှယ်သီးတွေပါ စိုက်ပျိုး တောင်သူတွေက တဖြည်းဖြည်းနဲ့  စိုက်ပျိုးလာခဲ့ကြပြီး မွန်ပြည်နယ်နဲ့ ရန်ကုန် ပွဲရုံဘက်ကို အဓိက ဒူးရင်းသီး သိန်းနဲ့ချီတင်ပို့လေ့ရှိပါတယ်။

2 weeks Ago
More News
Up