ရော်နယ်ဒို

January 31, 2021

မက်ဆီက အကောင်းဆုံးကစားသမားဟု ကာရေဂါ သုံးသပ်

မက်ဆီက တခြားသူတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူဖြစ်ပြီး ရော်နယ်ဒိုက လေးစားစရာ ကစားသမား ဖြစ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၂ ဦးထဲမှာ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာ လီဗာပူးဂန္ထဝင် ကာရေဂါက ပြန်လည်ဖြေကြားခဲ့တာပါ။ 

မက်ဆီက အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘဲ အများစုနဲ့ ထပ်တူကျကြောင်း ကာရေဂါက ပြောပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ပိုမိုလေးစားစရာ ကောင်းပြီး စိတ်ဓာတ်ပိုင်း၊ အာရုံစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတွေမှာ ပိုကောင်းတယ်လို့ ကာရေဂါက ပြောပါတယ်။ 

ရော်နယ်ဒိုက တခြားကစားသမားတွေ လုပ်နိုင်တာကို မကြာခဏလုပ်ပြနိုင်သူဖြစ်ပြီး မက်ဆီကတော့ တခြား ကစားသမားတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို မက်ဆီက ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုက ၅ ကြိမ် ရရှိထားပါတယ်။

4 months Ago

January 29, 2021

ကိုဗစ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် ရော်နယ်ဒို စစ်ဆေးခံရ

မွေးနေ့အထိမ်းအမှတ် နှင်းလျောစီးခဲ့တဲ့ စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးခံနေရပြီဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ချစ်သူဖြစ်တဲ့ ရိုဒရီဂွတ်ဇ်က သူတို့ နှစ်ဦး အီတလီက တောင်တက်အပန်းဖြေ စခန်း တစ်ခုမှာ နှင်းတောသွားယာဉ်တစ်ခု စီးနင်းနေတဲ့ပုံကို အခု သီတင်းပတ်အစောပိုင်းမှာ လူမှု ကွန်ရက်ပေါ်တင်ခဲ့ပါတယ်။  ဒီပုံကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အီတလီနိုင်ငံရဲ့ ဥပဒေတွေမှာ အိမ်ပိုင်ဆိုင်ထားခြင်း ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိရင် ကိုဗစ်နဲ့ ပတ်သတက်တဲ့ လိမ္မော်ရောင် ဧရိယာတွေကို မသွားလာဖို့ သတ်မှတ်ထားပါတယ်။ 

ရော်နယ်ဒိုတို့ စုံတွဲကတော့ ရိုဒရီဂွတ်ဇ်ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကျင်းပဖို့ သွားခဲ့တာကြောင့် ဒီသတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ 

အီတလီကလာတဲ့ သတင်းတွေအရ ရော်နယ်ဒိုဟာ တူရင်ကို ပြန်မလာခင် အာဂျင်တီးနား မော်ဒယ်နဲ့အတူ ပတ်မွန့်ဒေသကနေ ဗယ်လီဒီအိုစတာကို သွားခဲ့ပြီး အဲ့ဒီမှာ တစ်ညအိပ်နေခဲ့ တယ်လို့ သိရပါတယ်။ 

ဒါ့ကြောင့် သူတို့စုံတွဲဟာ အပြစ်ရှိကြောင်းထင်ရှားခဲ့ရင် များပြားတဲ့ ဒဏ်ငွေကို ပေးဆောင်ရ မှာလည်း ဖြစ်ပါတယ်။

အီတလီနိုင်ငံဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို ကိုဗစ်ဒုတိယလှိုင်း ကြောင့် ပိုးကူး စက်ခံရသူ အရေအတွက်လည်း မြင့်တက်နေပါတယ်။

ရော်နယ်ဒိုဟာ အခုရာသီအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး ရောဂါ ပျောက်ပြီး မကြာခင်မှာတင် ပေါ်တူဂီအသင်းမှာ ပါဝင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ကလည်း ရင်ဆိုင် ခဲ့ရသူဖြစ်ပါတယ်။ 

5 months Ago
More News
Up