ရောဂါပိုကင်းစင်သူ

May 16, 2020

COVID-19 ကုသဆဲလူနာထက် ရောဂါပိုကင်းစင်သူဦးရေ ပိုများလာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁ ဦးကို ဒီမနက် ထပ်တိုးတွေ့ရှိတဲ့အတွက် အခုဆိုရင် အတည်ပြုလူနာစုစုပေါင်း ၁၈၂ ဦး ရှိလာပါတယ်။ တဖက်မှာလည်း ရောဂါပိုးကင်းသူ ၅ ဦး ထပ်တိုးလာခဲ့လို့ ပိုးကင်းစင်သူစုစုပေါင်း ၈၉ ဦး ရှိပါတယ်။  မတ် ၂၃ ရက်နေ့ကနေ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေရဲ့ တဝက်နီးပါး (၄၉ ရာခိုင်နှုန်း) ဟာ အခုချိန်မှာ ရောဂါပိုးကင်းစင်သွားတာ ဖြစ်ပါတယ်။  ကိုဗစ်ကာလ ၂ လနီးပါးအတွင်းမှာ ပိုးကင်းစင်သူ ၈၉ ဦး၊ လက်ရှိဆေးရုံတွေမှာ ကုသဆဲလူနာ ၈၇ ဦး ရှိနေပြီး အခုချိန်မှာတော့ ကုသဆဲလူနာထက် ရောဂါပိုကင်းစင်သူဦးရေ ပိုများလာတာကိုလည်း တွေ့ရပါတယ်။
1 year Ago
Up