ရေအားလျှပ်စစ်စက်ရုံ

May 30, 2020

ယူနန်ပြည်နယ်ရှိ ရေအားလျှပ်စစ်စက်ရုံ ပေါက်ကွဲမှုဖြစ်၊ ၆ ဦး သေဆုံး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရေအားလျှပ်စစ်စက်ရုံတခုမှာ သံသယဖြစ်ဖွယ်ပေါက်ကွဲမှု ကြောင့်   ၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့  ယူနန်အစိုးရက ပြောကြားပါတယ်။  ဖူအာမြို့  မို့ကျန်းစီရင်စုရှိ ရေအားလျှပ်စစ်စက်ရုံမှာ   မေလ  ၂၉  ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီက ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။   ပေါက်ကွဲမှုဖြစ်ချိန် အလုပ်သမားတွေဟာ ရေအားလျှပ်စစ်ဆည်ရဲ့ဥမင်ကို တူးဖော်နေ တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။  အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းပြီးဆုံးခဲ့ပြီး ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။   ရေအားလျှပ်စစ်ဟာ လက်ရှိ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်ဖြစ်ပြီး ကျောက်မီးသွေးပြီးရင် ဒုတိယဘက်စုံသုံး စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့ ဝက်ဘ်ဆိုက်သတင်းတွေအရ သိရပါတယ်။ 
12 months Ago
Up