ရေမချိုးရ တားမြစ်​

May 10, 2020

ချောက်မြို့ ရေချိုးဆိပ်များတွင် နံနက် ​၁၀ နာရီမှ ည​နေ ၅ နာရီအထိ ​ရေမချိုးရ တားမြစ်​

မြန်မာနိုင်ငံမှာ အပူချိန် အမြင့်ဆုံးမြို့တမြို့ဖြစ်တဲ့ မကွေးတိုင်း ချောက်မြို့မှာ အပူဒဏ် ကာကွယ်ရေးအတွက် မြစ်​ကမ်းရေချိုးဆိပ်တွေမှာ မနက်​ ၁၀ နာရီကနေ ည​နေ ၅ နာရီအထိ​ ရေမချိုးရ သတိပေး ပိုစတာတွေကို စိုက်ထူပြီး တားမြစ်ထားတယ်လို့ မြို့နယ်ကျန်းမာရေးမှူး အဆင့်-၁ ဦးလှိုင်မြင့်ဟန်က ပြောပါတယ်။ ဒီနှစ်က ကိုဗစ်နဲ့ ရောနေတဲ့အတွက် ကိုဗစ်ကို ဇောင်းပေးထားရတဲ့အတွက် အပူချိန်သတိပေးတာတွေ လျော့ကျပါတယ်။ ဒါပေမဲ့လည်း အပူဒဏ်ကိုလည်း ပစ်မထားပါဘူး။ လှုံ့ဆော်မှုတွေရှိတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ လို့ ပြောပါတယ်။ ချောက်မြို့နယ်အတွင်းက ကျေးရွာ ၃၀ လောက်ကို တာဝန်ကျ ကျေးလက်ကျန်းမာရေး နယ်မြေခံ သားဖွားဆရာမတွေကတဆင့် နှိုးဆော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ချောက်မြို့ ပြည်သူဆေးရုံမှာလည်း အပူဒဏ်သင့်လူနာ ထားရှိဖို့ လေအေးစက်တပ် အခန်း ၂ ခန်းပြင်ဆင်ထားတယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ ချောက်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အပူချိန် စံချိန်သစ် ၄၇.၁ ဒီဂရီတင်ပြီးနောက်မှာ Heart Storke အပူဒဏ်သင့်မှုကြောင့် သေဆုံးသူ ၃ ဦးရှိပါတယ်။ ပြီးခဲ့သော မေလ ၈ ရက်နေ့ တိုင်းတာချက်အရ ချောက်မြို့မှာ အပူချိန် စံချိန်သစ် ၄၇.၅ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး နှစ်ပေါင်း ၅၂ နှစ်အတွင်းမှာ အမြင့်ဆုံးစံချိန်သစ်ဖြစ်တယ်လို့ သိရပါတယ်။ ကိုလင်း (ချောက်)
1 year Ago
Up