ရေပိုင်နက်

October 15, 2020

နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု လက်ဘနွန်နှင့် အစ္စရေး စတင်ဆွေးနွေး

အငြင်းပွားဖွယ် ရေကြောင်းနယ်နိမိတ်နဲ့ပတ်သက်လို့ လက်ဘနွန်နဲ့ အစ္စရေးကြား အောက်တိုဘာ ၁၄ ရက်က ဆွေးနွေးပွဲ စတင်ခဲ့ပါတယ်။  အဲဒီ ဆွေးနွေးပွဲဟာ မိုင်ထောင်ချီဝေးတဲ့ ခရီးရှည်ကြီးရဲ့ ပထမဆုံးခြေလှမ်းတရပ်လို့ လက်ဘနွန်ညှိနှိုင်းရေးမှူး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။  ဆွေးနွေးပွဲကို အမေရိကန်က ကြားဝင်ဆောင်ရွက်ပြိး  သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ မြေထဲပင်လယ်ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းဖို့ အမေရိကန်က နှစ်များစွာ တိုက်တွန်းထားတာပါ။  အမေရိကန်က လက်ဘနွန်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကို  တိုးမြှင့်ဖိအားပေးပြီး ဟစ်ဇ်ဘိုလာတို့ရဲ့ အေမယ်ပါတီက အကြီးတန်းနိုင်ငံရေးသမားအပေါ်  ဒဏ်ခတ်ပြုလုပ်ပြီးနောက် သီတင်းပတ်အတော်ကြာမှာ ဘက်ဘနွန်နဲ့ အစ္စရေးနှစ်နိုင်ငံ ကြားဆွေးနွေးပွဲ လုပ်ဖို့ ကြေညာခဲ့တာပါ။  လက်ဘနွန် ကိုယ်စားလှယ်အဖွဲ့ကို စစ်ဘက်အရာရှိ တဦးက ဦးဆောင်ပြိး အစ္စရေးအဖွဲ့ကိုတော့ စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပါတယ်။  နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဟာ တစ်နာရီနီးပါး ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲကို ရပ်ခဲ့ပါတယ်။ ကိုယ်စားလှယ်နှစ်ဖွဲ့ဟာ နောက်သီတင်းနှစ်ပတ်အကြာမှာ ထပ်မံတွေ့ဆုံဖို့  သဘောတူခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 
8 months Ago

September 5, 2020

တူရကီပိုင် ရေပိုင်နက်နှင့်ပတ်သက်၍ညှိနှိုင်းမည်မဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ပြော

မြေထဲပင်လယ်အရှေ့ပိုင်းက တူရကီ ရပိုင်ခွင့်လို့ ယုံကြည်တဲ့ အရာနဲ့ပတ်သက်လို့ ညှိနှိုင်း သွားမှာမဟုတ်ဘူးလို့ တူရကီကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်မှာ ပြောဆို လိုက်ပါတယ်။   မြေထဲပင်လယ်မှာ ပဋိပက္ခလျော့နည်းစေရေး ယန္တရားတစ်ခု တည်ဆောက်ဖို့  တူရကီနဲ့ ဂရိ ကြား ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းနေတဲ့ နေတိုးအဖွဲ့အစီအစဉ်ကို  ကြိုဆိုပေမယ့်  တူရကီ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး  ဟူလူစီ-အာကာက ပြောဆိုပါတယ်။    ဂရိနဲ့အီဂျစ်တို့အကြား ပင်လယ်ရေးကြောင်း သဘောတူညီချက် ချုပ်ဆိုပြီးချိန်မှာ  တူရကီ က အငြင်းပွားရာ ရေပိုင်နက်ဆီ တိုင်းတာရေး ရေယာဉ် စေလွှတ်ခဲ့တဲ့ နောက်မှာ  ပြီးခဲ့တဲ့လက တူရကီနဲ့ဂရိကြား  တင်းမာမှု မြင့်တက်ခဲ့ပါတယ်။   အဲဒီသဘောတူညီချက်ဟာ  ဂျာမနီ စေ့စပ်မှုနဲ့လုပ်နေတဲ့ ဂရိနဲ့ ဆွေးနွေးပွဲတွေကို ထိခိုက်စေ ပြီး မြေထဲပင်လယ်အရှေ့ပိုင်းက တူရကီပိုင် ကမ်းဦးရေတိမ်ပိုင်းကို ထိပါးတယ်လို့ တူရကီက ဆိုပါ တယ်။
10 months Ago
More News
Up