ရေနံချက်စက်ရုံ

September 12, 2020

ရေနံချက်စက်ရုံအကြောင်းစုံစမ်းသည့် အမေရိကန်သူလျှို ၁ ဦး ဖမ်းမိဟု ဗင်နီဇွဲလား ကြေညာ

ဗင်နီဇွဲလားနိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံဝင်းအကြောင်း ထောက်လှမ်းနေတဲ့ အမေရိကန် သူလျှိုတစ်ယောက်ကို ဖမ်းမိထားတယ်လို့ သမ္မတ နီကိုးလပ်စ်မာဒူရိုက စက်တင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။  နိုင်ငံအနောက်မြောက်ပိုင်း ဖယ်ကွန်ပြည်နယ်က အမွိုင်နဲ့ကာဒွန် ရေနံချက်စက်ရုံတွေ အကြောင်းထောက်လှမ်းနေတဲ့ အမျိုးသားတစ်ယောက်ကို စက်တင်ဘာ ၁၀ ရက်မှာ ဖမ်းမိတယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ရာမှာ သမ္မတ မာဒူရိုက  ပြောခဲ့တာပါ။   ဖမ်းမိသူဟာ အီရတ်မှာရှိတဲ့ CIA စခန်းတွေက မရိန်းတပ်သားတဦးဖြစ်ပြီး သူနဲ့အတူ အထူးလက်နက်တွေ၊ အမေရိကန်ဒေါ်လာငွေ အများအပြား နဲ့ တခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ မာဒူရိုက ဆိုပါတယ်။   ထိန်းသိမ်းခံရစဉ် အဖမ်းခံရသူဟာ ထွက်ဆို ချက်ပေးခဲ့တယ်လို့ သမ္မတ မာဒူရိုက ပြောပေမဲ့ အသေစိတ်ကိုတော့ မပြောခဲ့ပါဘူး။ ဗင်နီဇွဲလားသမ္မတ မာဒူရို ပြောကြားချက် နဲ့ပတ်သက်လို့  အမေရိကန်နိုင်ငံခြားရေးဌာနက ရော အိမ်ဖြူတော်ကပါ ချက်ချင်းဖြေကြားတာ မရှိပါဘူး။   မေလတုန်းက   ဗင်နီဇွဲလားနိုင်ငံအတွင်း တရားမဝင် ကျူးကျော် ဝင်ရောက်မှုမှာ  ပါဝင်မှုနဲ့  အမေရိကန်  စစ်သားဟောင်း နှစ်ဦးကို  ဗင်နီဇွဲလားတရားရုံးက  ပြီးခဲ့တဲ့လမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
8 months Ago

March 4, 2020

ပခုက္ကူစက်မှုဇုန်တွင် ရေနံချက်စက်ရုံ ၅ ရုံတည်ဆောက်

မကွေးတိုင်းဒေသကြီး ပခုက္ကူစက်မှုဇုန်မှာ ရေနံချက်စက်ရုံ ၅ ခု တည်ဆောက်နေတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။ ရေနံချက်စက်ရုံဆောက်လုပ်ဖို့  လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲကနေ ၅ ခုကိုရွေးချယ်ပြီး ဆောက်လုပ်ခွင့်ပြုခဲ့တာလို့လည်း ဝန်ကြီးက ပြောပါတယ်။   "သတင်းစာမှာ ကြော်ငြာခေါ်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီ ၁၁ ခုထဲက နည်းပညာ စက်စပ်ပစ္စည်းတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ၅ ခုကို ပြည်ထောင်စု ရေနံဓာတုနှင့်စွမ်းအင်ဝန်ကြီးဌာနက အတည်ပြုရွေးချယ်ပေးခဲ့တာပါ။ ရွေးချယ်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို တိုင်းဒေသကြီးအစိုးရက မြေ နေရာ၊ လျှပ်စစ်ဓာတ်အားနဲ့ လမ်းဖောက်တဲ့ကိစ္စတွေ ကြီးကြပ်ဆောင်ရွက်ပေးနေတာပါ" လက်ရှိအခြေအနေမှာတော့ ကုမ္ပဏီတစ်ခုက ဆက်စပ်ပစ္စည်းတွေ ရောက်ရှိနေပြီး စတင် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ကာ ကျန်တဲ့ကုမ္ပဏီတွေလည်း လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြပါပြီလို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင်ရေနံလက်ယက်တွင်းတိမ် လုပ်ကွက်ပေါင်း ၃၃ ကွက်ရှိပြီး နိုင်ငံတော်နဲ့ တိုင်းဒေသကြီးအတွက် အခွန်ဘဏ္ဍာတွေ အများဆုံးရရှိနေတာလို့လည်း သိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up