ရေတာရှည်

April 5, 2020

မြို့နယ် ၃ ခုတွင် ကိုရိုနာကာကွယ်ရေး ဆောင်ရွက်နေသူများအား နှောင့်ယှက်သူ ၄ ဦးကို အမှုဖွင့်

တံတားဦး၊ ရေတာရှည်နဲ့ ဇလွန်မြို့နယ်တွေမှာ ကိုရိုနားဗိုင်းရပ်စ်ပြန့်ပွားမှု မရှိစေဖို့ ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေအား နှောင့်ယှက်သူ ၄ ဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီက အမှုဖွင့်ထားတယ်လို့  ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီလ ၃ ရက်က တံတားဦးမြို့နယ် စပါးတွင်းရွာနေ ဦးမာကျော့ရဲ့အိမ်မှာ Covid-19 ရောဂါမပြန့်ပွားစေဖို့ အစိုးရလမ်းညွှန်ချက်တွေကို အသံချဲ့စက်နဲ့ နှိုးဆော်တာ၊ တခြားဒေသကနေ ကျေးရွာ လာသူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်ချိန် တရွာတည်းနေ စိုးနိုင်ဟာ အရက်သေစာ သောက်စားမူးယစ်ပြီး တားဆီးဟန့်တား နှောင့်ယှက်ကာ ခဲနဲ့ ပေါက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။  ရေတာရှည်မြို့နယ်နေသူ ဘုန်းမြင့်မိုးကတော့ သူရဲ့လူမှုကွန်ရက်အကောင့်နဲ့ရေတာ ရှည်မြို့သူ/သားများ Group Facebook လူမှုကွန်ရက်စာမျက်နှာမှာ “ကဲ ရေတာရှည် အမျိုးတွေ ဘရင်းကုန်း Positive တဲ့နော်”ဆိုပြီး ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပိုးတွေ့ရှိကြောင်း မဟုတ်မမှန် ရေးသားခဲ့တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဇလွန်မြို့နယ်မှာလည်း ဧပြီလ ၃ ရက် ည ၇ နာရီလောက်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဆောင်းဦးစီးတဲ့ အဖွဲ့ဟာ အ.မ.က(မောင်းထောင်)မှာ ပြည်ပက ပြန်ရောက်လာသူတွေကို စောင့်ကြည့်ရေးတာဝန်ဆောင်ရွက်နေချိန် ဝင်းကိုနဲ့ရန်မျိုးအောင်တို့ဟာ အရက်သေစာ သောက်စားမူးယစ်ကာ အော်ဟစ်ဆဲဆိုပြီး စာသင်ကျောင်းကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တံတားဦးမြို့နယ်၊ စပါးတွင်းရွာနေ စိုးနိုင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၊ ရေတာရှည်မြို့နယ်က ပြည်သူများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖော်ပြခဲ့သူ ဘုန်းမြင့်မိုးကို ရေတာရှည်မြို့မရဲစခန်း(ပ)၁၃၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၇ တို့နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။  ဇလွန်မြို့နယ် မောင်းထောင်ရွာက ဝင်းကို နဲ့ ရန်မျိုးအောင်တို့ကိုတော့ ဇလွန်မြို့မရဲစခန်းက (ပ)၇၆၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/ ၃၅၃/ ၂၉၄/ ၁၁၄ (လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု၊ တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား အနိုင့်အထက်ပြုမှု၊ ဆဲဆိုမှု၊ အားပေးကူညီမှု) တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
1 year Ago

December 8, 2019

ရေတာရှည်တွင် ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ မနေ့က ယာဉ်တိုက်မှုကြောင့် ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်း ၅ နာရီခွဲလောက် ရေတာရှည်မြို့နယ်၊ မှန်စီကျေးရွာ အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၈၁/၆-၇) ကြားမှာ ဇော်လင်း(ခ)သံချောင်း(၃၉)နှစ်မောင်းနှင်ပြီး လူ ၆ ယောက် (ကျား ၄၊ မ  ၂) လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်ဟာ လားရာတူရှေ့မှ ယာဉ်/ယာဉ်မောင်း(စိစစ်ဆဲ)ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ရှေ့ယာဉ်(စိစစ်ဆဲ) ကတော့ ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ဦးဇော်လင်း(ခ)သံချောင်းအပါအဝင် အမျိုးသား ၂ ယောက် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၅ ယောက်အား  ရေတာရှည် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး ၂ ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဦးဇော်လင်း(ခ)သံချောင်း (သေဆုံး) အား ဆွာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်၊ သာမန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Photo : Ministry of Home Affairs, Myanmar
1 year Ago
Up