ရုံးချိန်း ပြန်ချိန်းဆို

June 25, 2020

မင်းရာဇာအမှုတွဲ ပြန်မရောက်သေးသဖြင့် အမှုစစ်ဆေးခြင်းမရှိဘဲ ရုံးချိန်း ပြန်ချိန်းဆို 

ပုဒ်မ- ၄ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာအပါအဝင် ၃ ဦးနဲ့ ယောက်က္ခမ ဖြစ်သူ ဦးမောင်မောင်အေးတို့ကို ဇွန်လ ၂၅ ရက်က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး  အမှုတွဲတွေ ပြန်လည်မရောက်ရှိသေးတာကြောင့် အမှုစစ်ဆေးတာ မပြုလုပ်သေးပဲ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။ စွပ်စွဲခံရသူ အချုပ်တရားခံ ၃ ဦးနဲ့ အချုပ်အာမခံ ရရှိထားတဲ့ ဦးမောင်မောင်အေးတို့ ဒီနေ့ တရားရုံး​ရောက်ရှိခဲ့ပြီး တရားလိုဘက်က တရားရုံးလာရောက်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း မြောက်ဥက္ကလာပမြို့နယ်တရားသူကြီးဦးဇေယျာဦးက ပြောပါတယ်။ မင်းရာဇာပါ ၄ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၃၅၄/၁၁၄  တို့နဲ့ အမှုဖွင့် တရားစွဲတဲ့အပေါ်  မြောက်ဥက္ကလာပမြို့ နယ်တရားရုံးက ကြားနာစစ်ဆေးဆောင်ရွက်နေတာပါ။ အမှု ၂ ခုလုံးအတွက် ရုံးချိန်းရက်ကို လာမယ့် ဇူလိုင် ၂ ရက်နေ့ ပြန်လည်ချိန်ဆိုထားပါတယ်။
12 months Ago
Up