ရုပ်သံဟိုက်လိုက်

March 3, 2020

အက်ဖ်အေဖလားပြိုင်ပွဲတွင် အာဆင်နယ်က ပို့စ်မောက်ကို ၂ ဂိုးပြတ်နိုင်ပြီး ကွာတားတက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ  အာဆင်နယ်က အဝေးကွင်းမှာ ပို့စ်မောက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။  ဒီပွဲမှာ အာဆင်နယ်က လူငယ်ကစားသမား အများစုနဲ့ ပွဲထွက်လာတာဖြစ်ပြီး အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူပါတယ်။  အာဆင်နယ်က အဝေးကွင်း ဖြစ်ပေမယ့်လည်း တဖက်သတ် ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်တာတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
1 year Ago

March 2, 2020

စပါးရှုံးနိမ့်ပြီး မန်ယူနိုက်တက် သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် အနိုင်ရဖို့ လိုအပ်နေတဲ့ မန်ယူနိုက်တက် သရေကျပြီး စပါးအသင်းကတော့ ရှုံးနိမ့်သွားပါတယ်။ အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ဟာ ပွဲစစချင်း ၃ မိနစ်မှာ ဂိုးသမား ဒီဂီယာရဲ့ အမှားကနေ ဂိုးပေးခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး လီဝင်းက သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာစီးယူ ကစားနိုင်ခဲ့ပြီး မန်ယူနိုက်တက်အတွက် ချေပဂိုးကိုတော့ အသစ်ခေါ်ယူထားတဲ့ ဖာနန်ဒက်စ်က ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ အဲဗာတန်အသင်းက တောက်လျှောက်ဖိကစားခဲ့ပြီး ပွဲချိန် ပြီးဆုံးခါနီး အနိုင်ဂိုး ရရှိခဲ့ပေမယ့် ဒိုင်ဖြစ်သူက VAR ကို ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ အိမ်ရှင်အသင်း အနိုင် ၃ မှတ် နစ်နာခဲ့ရပါတယ်။ ပရီးမီးယားလိဂ် အခြားပွဲစဉ်တခုမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ကြိုးစားနေတဲ့ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ ဝုလ်ဗာဟမ်တန်ကို ဦးဆောင်ဂိုးတွေ အရင်သွင်းယူခဲ့ပြီးမှ နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရကာ ၃ ဂိုး ၂ ဂိုးနဲ့  ရှုံးနိမ့်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ မပါဝင်နိုင်တဲ့ စပါးအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၃ မိနစ်နဲ့ ၄၅ မိနစ်တို့မှာ စတီဗင်နဲ့ အူရီယာတို့က သွင်းယူခဲ့တာပါ။ ဝုလ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၂၇၊ ၅၇ နဲ့ ၇၃ မိနစ်တွေမှာ ဒိုဟာသီ၊ ဂျိုတာနဲ့ ရာအူးတို့က သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ မန်ယူနိုက်တက်က အဆင့် ၅၊ ဝုလ်က အဆင့် ၆၊ စပါးက အဆင့် ၇ နဲ့ အဲဗာတန်က အဆင့် ၁၁ မှာ အသီးသီးရပ်တည်နေပါတယ်။
1 year Ago
More News
Up