ရုပ်သေးရုပ်

May 19, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တရုတ်အစိုးရ၏ ရုပ်သေးရုပ်ဖြစ်နေဟု သမ္မတထရမ့် ဝေဖန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ တရုတ်အစိုးရရဲ့ ရုပ်သေးရုပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။  သမ္မတထရမ့်က သူ့အနေနဲ့  မကြာခင် WHO  နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကိုင်တွယ်ရာမှာ WHO ဟာ အလွန်စိတ်မကောင်းစရာ အလုပ်ကို လုပ်ခဲ့တယ်လို့  ပြောဆိုခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်နိုင်ငံက ထည့်ဝင်နေတဲ့ WHO  ရန်ပုံငွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး အမေရိကန် ထည့်ဝင်ငွေကို ဒေါ်လာ သန်း ၄၀ အထိ လျှော့ချဖို့  စဉ်းစားခဲ့ပေမယ့် တချို့က သိပ်များလွန်းတယ်ဆိုပြီး ထင်ကြတယ်လို့ သမ္မတထရမ့်က ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ WHO ကို အများဆုံးထောက်ပံ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကနေ သန်း ၅၀၀ ကြား ထောက်ပံ့နေတယ်လို့လည်း သမ္မတထရမ့်က ပြောဆိုဖူးပါတယ်။ 
12 months Ago
Up