ရုပ်သိမ်း

July 30, 2020

ပို့လန်းရောက် ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲဝင်အချို့ကို ရုပ်သိမ်းရန် ထရမ့်အစိုးရ စီစဉ်

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့ကနေ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို ပြန်ရုပ်သိမ်းဖို့  သမ္မတ ထရမ့်အစိုးရက ဇူလိုင် ၂၉ ရက်မှာ စီစဉ်နေပါတယ်။ ဒေသရဲတပ်ဖွဲ့က ဖက်ဒရယ်အဆောက်အအုံတွေကို ကာကွယ်ပေးရင် ဖက်ဒရယ် အေးဂျင့်တွေကို ရုပ်သိမ်းမယ်ဆိုပြီး  အမိမြေလုံခြုံရေးဝန်ကြီး  ချက်ဒ်ဝုဖ်က ပြောပါတယ်။ အော်ရီဂွန်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့   ဇူလိုင် ၃၀ ရက်ကစလို့ ပို့လန်းမြို့ကနေ ဖက်ဒရယ်အေးဂျင့်တွေ ရုပ်သိမ်းမယ်လို့ ပြောပါတယ်။ ပို့လန်းမြို့မှာ ၆၂ ရက်ဆက်တိုက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ လုပ်နေပြီး  အမိမြေလုံခြုံရေးဝန်ကြီး ချက်ဒ်ဝုဖ်ကတော့  ဖက်ဒရယ်အေးဂျင့်တွေ ရုပ်သိမ်းဖို့ အချိန်မသတ် မှတ်ထားဘူးလို့ သတင်းထုတ်ပြန်ပါတယ်။  ဒါပေမဲ့ ဖက်ဒရယ်အဆောက်အအုံနဲ့ ရဲတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို  ပြီးဆုံးစေမယ့်  ပူးတွဲအစီအစဉ်ကို      သူနဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးတို့  သဘောတူညီထားတယ်လို့ ချက်ဒ်ဝုဖ်က ပြောပါတယ်။  အစီအစဉ်မှာ ပို့လန်းမြို့လယ်ကောင်အတွင်း  အော်ရီဂွန်ပြည်နယ်ရဲတပ်ဖွဲ့ ချထားရေး ပါဝင်ပါတယ်။ အထူးသဖြင့်  ညတိုင်း တိုက်ခိုက်ခံနေရတဲ့  ဖက်ဒရယ်အဆောက်အအုံတွေနဲ့နေအိမ် ၊ လမ်း တွေကို ပြည်နယ်နဲ့ဒေသရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူသွားမယ်လို့  ချက်ဒ်ဝုဖ်က  ပြောတဲ့ အကြောင်း  ဘီဘီစီသတင်းက ဖော်ပြပါတယ်။ 
9 months Ago

June 22, 2020

ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ စပိန် ရုပ်သိမ်း

စပိန်မှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အရေးပေါ်အခြေအနေကြေညာထားမှုကို ဇွန်လ ၂၁ ရက်မှာပဲ ရုပ်သိမ်းလိုက်ပါတယ်။ အခုဆို စပိန်ရဲ့နယ်စပ်အားလုံးကို ပေါ်တူဂီကလွဲလို့ ကျန်တဲ့ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအတွက် ပြန်ဖွင့်ပေးလိုက်သလို ဗြိတိန်ကိုလည်း ဖွင့်ပေးလိုက်ပါတယ်။  ဒါဟာ စပိန်စီးပွားရေးရဲ့ ၁၂ ရာခိုင်နှုန်းကျော် ဖြည့်ဆည်းပေးနေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်အရှိန်မြှင့်ဖို့ပါ။  မာယော့ကာကျွန်းမှာ ကမ်းခြေလာတဲ့ ပြည်သူတွေနဲ့ ဂျာမန်တိုးရစ် ၁၅၀၀ ကျော်ရှိပါတယ်။  ဒါဟာ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကို တနင်္ဂနွေနေ့မှာ ဖြေလျှော့ပြီးနောက် ရောက်လာသူတွေပါ။  ခရီးသည်အားလုံးဟာ ကိုယ်အပူချိန် တိုင်းတာတွေနဲ့ သူတို့ဘယ်ကလာတယ်၊ စပိန်နိုင်ငံတွင်း ဘယ်နေရာတွေကို သွားမယ်ဆိုတာတွေကို တင်ပြရပါတယ်။  စပိန်နဲ့အိမ်နီးချင်း ပေါ်တူဂီကတော့ ဇူလိုင်လ ၁ ရက်မှာ နယ်စပ်တွေ ပြန်ဖွင့်မှာပါ။  ဗြိတိန်ခရီးသွားတွေကတော့  ရောဂါခြေချုပ် ကွာရင်းတင်း ဝင်စရာမလိုဘူးလို့ ဇွန်လ ၂၀ ရက်မှာ စပိန်က ထုတ်ပြန်ထားပေမဲ့  အပြန်မှာတော့ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်မှုလုပ်ရ မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
More News
Up