ရီးရဲလ်မက်ဒရစ်

February 2, 2021

နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ကြရန် ရီးရဲလ်လက်ထောက်နည်းပြ တိုက်တွန်း

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ လက်ထောက်နည်းပြ  ဒေးဗစ်ဘက်တိုနီက ပြောပါတယ်။ 

နည်းပြချုပ် ဇီဒန်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ သီးသန့်နေထိုင် နေရချိန်မှာ လက်ထောက် နည်းပြ ဘက်တိုနီက အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။ 

အခုတစ်ပတ် လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းက  လီဗန်တေးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး  ထိပ်ဆုံးက အက်သလက်တီကိုထက် တစ်ပွဲပိုကစားထားပေမဲ့ ၁၀ မှတ်အထိပြတ် သွားခဲ့ပါတယ်။ 

ပွဲချိန် ၉ မိနစ်ကတည်းက နောက်ခံလူ မီလီတာအို ထုတ်ပယ်ခံခဲ့ရတာကြောင့် ၈၁ မိနစ်လောက်ကို တစ်ယောက်လျော့နဲ့ ရီးရဲလ်အသင်းကယှဉ်ပြိုင်က စားသွားခဲ့ရတာပါ ။ 

ရီးရဲလ်ပရိသတ်တွေအနေနဲ့လည်း အသင်းအပေါ်ယုံကြည်မှုတွေ ဆက်ထားပြီး အားပေးကြ ဖို့ နည်းပြ ဘက်တိုနီက တိုက်တွန်းခဲ့ပြီး အသင်းရဲ့အစဉ်အလာအတိုင်း နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

3 months Ago

January 31, 2021

တစ်ယောက် ထုတ်ခံရပြီး အိမ်ကွင်း ရှုံးပွဲကြုံတွေ့ခဲ့သည့် ရီးရဲလ်မက်ဒရစ်

စနေနေ့မှာ ကစားခဲ့တဲ့ လီဗန်တေးနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းနဲ့ ၇ မှတ်အကွာ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်အသင်းဟာ ပွဲအစမှာကတည်းက တစ်ယောက်လျော့ခဲ့တာဖြစ်ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ရီးရဲလ် နောက်ခံလူ မီလီတိုဟာ ပွဲအစ ၉ မိနစ်မှာကတည်းက အထုတ်ခံခဲ့ရတာဖြစ်ပေမယ့် သူ အထုတ်ခံရပြီး မိနစ်အနည်းငယ်အကြာမှာ အဆန်စီယိုက အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မော်ရာလက်စ်က လီဗန်တေးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး ၁၂ မိနစ်အလိုမှာ မာတီကလီ ဗန်တေးအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားကို တီကိုအသင်းက ဦးဆောင်နေပြီး ရီးရဲလ်ဟာ တီကိုထက် ၂ ပွဲပိုကစားထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အလာဗတ်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရသူ ရီးရဲလ်အသင်း နည်းပြဇီဒန်းဟာ လီဗန်တေးနဲ့ပွဲမှာ ပြန်လည်ကြီးကြပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် ဒဏ်ရာပြဿနာရှိနေတာကြောင့် လီဗန်တေးနဲ့ပွဲမှာ ဇီဒန်းဟာ ဗာရာနီနဲ့ မီလီတိုတို့ကို အသုံးပြုခဲ့ပေမယ့် ဒီအတွဲဟာ ကွင်းထဲမှာ ၁၀ မိနစ်လောက်သာ တွဲဖက်ကစားခဲ့ရပါတယ်။

ပင်နယ်တီဧရိယာပြင်ပမှာ ပြိုင်ဘက်ကစားသမားတစ်ဦးကို ကစားပုံကြမ်းခဲ့တာကြောင့် မီလီတိုဟာ ကနဦး အဝါကတ်သာပြခံခဲ့ရပေမယ့် VAR ပြန်လည်ကြည့်ရှုပြီးချိန်မှာတော့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို တားဆီးခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ်။ 

အနီကတ်ပြခံရပြီးပြီးချင်း အဆန်စီယိုက ဂိုးသွင်းခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ အနိုင်ရရှိသွားမယ်လို့ ယူဆခဲ့ကြပေမယ့် မာတီရဲ့ပင်နယ်တီကို ကော်တွိုက်ကာ ကွယ်နိုင်ခဲ့လို့သာ ၃ ဂိုးမဖြစ်ခဲ့တာပါ။ 

ဒါဟာ ရီးရဲလ်အသင်းအတွက် လာလီဂါနောက်ဆုံး ၁၀ ပွဲအတွင်း ပထမ ဆုံးရှုံးပွဲလည်း ဖြစ်ပါတယ်။ 

ရီးရဲလ်အသင်းဟာ ကိုပါဒယ်လ်ရေးပြိုင်ပွဲမှာ တတိယတန်းကလပ် အယ်လ်ကိုယာနိုကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် ဒီနေ့အရှုံးက နည်းပြဇီဒန်းအတွက် ဖိအားတွေကို ထပ်များစေခဲ့ပြီ ဖြစ်ပါတယ်။

3 months Ago
More News
Up