ရီးရဲလ်ဘက်တစ်

June 22, 2020

ရလဒ်ဆိုးရွားမှုကြောင့် ရီးရဲလ်ဘက်တစ် နည်းပြယူဘီကို ရာထူးမှထုတ်ပယ်

စပိန် လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ နည်းပြ ယူဘီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာလီဂါပွဲစဉ်တွေ ၃ လလောက် ရပ်နားထားပြီးနောက် ပြန်လည်ကစားခဲ့တဲ့ ၃ ပွဲမှာ ရလဒ်မကောင်းခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။  ဘက် တစ်အသင်းဟာ ဆီဗီလာကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဂရန်နာဒါနဲ့ ၂ ဂိုးစီ သရေနဲ့ စနေနေ့က ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။  အဲဒီပွဲစဉ်မှာ  ဘက်တစ်အသင်းက ပင်နယ်တီရရှိခဲ့ပေမယ့် ကာနာလက်စ်က ဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့လို့ ရှုံးပွဲထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။  ဘက်တစ်အသင်းဟာ လာလီဂါပွဲစဉ် ၃၀ အပြီးမှာ အဆင့် ၁၄ မှာရပ်တည်နေပြီး တန်းဆင်းဇုန်က မာယော့ကာနဲ့ ၈ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။  လက်ကျန်ပွဲစဉ် ၈ ပွဲကို အသင်းရဲ့ အားကစားဒါရိုက်တာ တီယူဂျယ်လိုက နည်းပြချုပ်အနေနဲ့ တာဝန်ယူသွားမှာဖြစ်ပါတယ်။
11 months Ago

May 26, 2020

စပိန် လာလီဂါပြိုင်ပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပမည်

ကလပ်အသင်းတွေ လေ့ကျင့်ခန်းအပြည့်အ၀ဆင်းနိုင်မှုအပေါ် မူတည်ပြီး လာလီဂါပြိုင်ပွဲကို အမြန်ဆုံး ကျင်းပသွားမယ်လို့ လိဂ်ဥက္ကဋ္ဌ ဂျာဗီယာတက်ဘက်စ်က ပြောလိုက်ပါတယ်။ လာလီဂါပြိုင်ပွဲကို ဇွန်လအတွင်းမှာ ပြန်လည်စတင်ဖို့ စပိန်ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်ရရှိထားပါတယ်။ ကလပ်အသင်းတွေဘက်က အဖွဲ့ငယ်လေးတွေနဲ့သာ လေ့ကျင့်ခန်းဆင်းနေပြီး ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နိုင်ခြင်း မရှိသေးပါဘူး။ ကလပ်အသင်းတွေရဲ့ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်မှု အခြေအနေအလိုက် အမြန်ဆုံး ပြန်လည်ကျင်းပမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်မှာ ပထမဆုံးပွဲစဉ်တပွဲကို စတင်ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း လာလီဂါဥက္ကဋ္ဌ တက်ဘက်စ်က ပြောပါတယ်။  ဇွန်လ ၁၁ ရက်မှာ မကျင်းပနိုင်ဘူးဆိုရင် ၁၃ ရက် သို့မဟုတ် ၁၄ ရက် မှာ ပြန်လည် ကျင်းပဖို့ ကြိုးပမ်းမယ်လို့ လာလီဂါ ဥက္ကဋ္ဌက ပြောပါတယ်။  ဇွန်လ ၁၁ ရက်မှာ ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ ဆီဗီလာနဲ့ ရီးရဲလ်ဘက်တစ် ပွဲနဲ့ စတင်မယ်လို့ သိရပါတယ်။  စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၈၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
12 months Ago
Up