ရီးရဲလ်တိုက်စစ်မှူ

March 12, 2020

ရီးရဲလ်တိုက်စစ်မှူးကို ပေါင်သန်း ၇၀ ကျော်အသုံးပြုခေါ်ရန် ဝုဗ်အသင်းပြင်ဆင်

ဝုဗ်အသင်းဟာ စူပါအေးဂျင့်ဂျော့ခ်ျမန်းဒက်စ်ရဲ့အကူအညီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  ဂျိမ်းစ်အတွက် ပေါင် ၇၁ သန်းလောက်အသုံးပြုပြီး ခေါ်ယူမှာဖြစ်တာကြောင့် ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ငွေကြေး အမြောက်အမြားသုံးစွဲပြီး ကစားသမားခေါ်ယူမှု တရပ်ဖြစ်လာဖို့ ရှိနေပါတယ်။  ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လက်တလောမှာတော့ ဒဏ်ရာပြသနာတွေအပြင်ကြံ့ခိုင်မှု မပြည့်ဝတာ ကြောင့် ဒီရာသီ ၁၃ ပွဲကစားထားရာမှာ ၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထား နိုင်ပါတယ်။
1 year Ago
Up