ရီးရဲလ်

July 27, 2019

အိုင်စီစီဖလားပြိုင်ပွဲတွင် ရီးရဲလ်က အက်သလက်တီကိုအသင်းကို ၇-၃ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာချန်ပီယံများဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ ရီးရဲလ်အသင်းက အက်သလက်တီကိုအသင်းကို  ၇-၃ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်အသင်းဟာ ၄-၃-၃ ကစားကွက်၊ အက်သလက်တီကိုက ၄-၄၂ ကစားကွက်နဲ့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ဒီပွဲမှာ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ အထူးခြေစွမ်းပြကစားခဲ့ပြီး  ပထမပိုင်းမှာ ၃ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ကျန်တဲ့ ၃ ဂိုးကိုတော့  ဖဲလစ်၊ အိမ်ဂျယ်နဲ့ ဗစ်တိုလိုတို့က အသီးသီးသွင်းယူခဲ့ကြတာပါ။ ရီးရဲလ်အတွက် ချေပဂိုး ၃ ဂိုးကိုတော့  ဒုတိယပိုင်းမှာ ဖာနန်ဒက်၊ ဘင်ဇီမာနဲ့ ဟာနန်ဒက်တို့က သွင်းယူခဲ့ကြတာပါ။ ဒီပွဲမှာ ရီးရဲလ်အသင်းက ဒန်နီရယ်နဲ့ အက်သလိုက်တီကိုက သွင်းဂိုး ၄ ဂိုးသွင်းယူခဲ့တဲ့ ဒီယေဂို ကော်စတာတို့  ပွဲချိန် ၆၄ မိနစ်မှာ အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ အခုနှစ်ကျင်းပတဲ့ အိုင်စီစီဖလားပြိုင်ပွဲကို အာဆယ်နယ်၊ ဘင်ဖီကာ၊  ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ စပါး၊ ဖီအိုရင်တီးနား၊ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ရီးရဲလ်၊ အင်တာ၊  အေစီ၊ စီဒီ ဂွါဒလာဂျာရာအသင်း စတဲ့ အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ကစားနေကြတာပါ။ လက်ရှိ အိုင်စီစီဖလားပြိုင်ပွဲ အမှတ်ပေးဇယားမှာတော့ ရီးရဲလ်အသင်းက ၃ ပွဲကစား ရမှတ် ၂ မှတ်နဲ့ အဆင့် ၉၊ အက်သလက်တီကိုအသင်းက ၂ ပွဲကစား ရမှတ် ၅ မှတ်နဲ့ အဆင့် ၅၊ ရပ်တည်နေပြီး ထိပ်ဆုံးမှာတော့ အာဆင်နယ်အသင်းက ၃ ပွဲကစား ရမှတ် ၇ မှတ်နဲ့ ရပ်တည်နေပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ မနက်အစောပိုင်းမှာတော့ အေစီမီလန်အသင်းနဲ့ ဘင်ဖီကာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
2 years Ago

July 24, 2019

ဂါရတ်ဘေးလ်ကို ရောင်းမည့်အစီအစဉ် မပြောင်းလဲဟု ဇီဒန်း အတည်ပြု

တောင်ပံတိုက်စစ်မှူး အဆန်စီယိုရဲ့ဒဏ်ရာ ပြင်းထန်ပေမယ့်လည်း ဂါရတ်ဘေးလ်ကို ရောင်းချသွားမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အတည်ပြုသွားပါတယ်။ ရီးရဲလ်အသင်းဟာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နိုင်ငံတကာ ချန်ပီယံများဖလားပွဲစဉ်မှာ ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ဘေးလ်က ခြေစွမ်းပြခဲ့ပြီး ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။ တဆက်တည်းမှာပဲ တောင်ပံတိုက်စစ်ကစားသမား အဆန်စီယိုဟာလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့လို့ ရာသီကုန်အထိ အနားယူရဖို့ ရှိနေတာပါ။ ဒါပေမယ့် ဂါရတ်ဘေးလ်ကို ရောင်းချမယ့် အစီအစဉ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ မူလကတည်းက စီစဉ်ထားတဲ့အတိုင်း ရောင်းချဖို့ ဆက်ပြီး လုပ်ဆောင်မယ်လို့ ဇီဒန်းက ပြောလိုက်တာ ဖြစ်ပါတယ်။
2 years Ago
More News
Up