ရီဗယ်ဒို စိုးရိမ်

December 5, 2020

ဘာစီလိုနာတွင် မက်ဆီ နောက်ဆုံးကစားသည့်ရာသီဖြစ်မည်ကို ရီဗယ်ဒို စိုးရိမ်

အခုနှစ်ရာသီက မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘ၀ နောက်ဆုံးနှစ်ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ တိုက်စစ်မှူးဟောင်း ရီဗယ်ဒိုက ပြောပါတယ်။  ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း လက်ခံဖွယ်မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ရှိနေတာပါ။  ဘာစီလိုနာနဲ့ ဘရာဇီး ဂန္ထဝင်တိုက်စစ်မှူး ရီဗယ်ဒိုကတော့ မက်ဆီအနေနဲ့ တခြားကလပ်တွေဆီက ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရရှိမှာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်ခက်ခဲသွားပြီလို့ ပြောပါတယ်။  ဒါ့အပြင် မက်ဆီ ကိုယ်တိုင်ကလည်း အခုနှစ်ရာသီအစကတည်းက အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး ဘာစီလိုနာ ဘုတ်အဖွဲ့အနေနဲ့ မက်ဆီရဲ့ဆုံးဖြတ်အပေါ် ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ရီဗယ်ဒိုကပြောပါတယ်။  အခုနှစ်ရာသီမှာ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်နဲ့ လာလီဂါဆု ဖလားတွေ ရယူနိုင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် နည်းပြ ကိုးမန်းက လှပတဲ့ ကစားကွက်တခုဖော်ဆောင် နိုင်ခဲ့မယ်ဆိုရင်တော့ မက်ဆီကို ရွေးချယ်စရာတခု ပေးနိုင်လိမ့်မယ်လို့ ရီဗယ်ဒိုက သုံးသပ်ပါတယ်။  ဒါပေမယ့် အခုနှစ်ရာသီက ဘာစီလိုနာမှာ မက်ဆီ နောက်ဆုံးကစားသွားတဲ့နှစ် ဖြစ် မှာကိုတော့ စိုးရိမ်တယ်လို့ ရီဗယ်ဒိုက ပြောပါတယ်။
5 months Ago
Up