ရိုဘော့စက်ရုပ်

May 9, 2020

ဟောင်ကောင်လေဆိပ် ပိုးသတ်ဆေးဖျန်းရန် ရိုဘော့စက်ရုပ်များ အသုံးပြုမည်

ဟောင်ကောင်နိုင်ငံတကာလေဆိပ်မှာ သန့်ရှင်းရေးနဲ့ ပိုးသတ်ဆေးဖျန်းဖို့အတွက် ရိုဘော့စက်ရုပ်တွေကို စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။  အများသုံးသန့်စင်ခန်းတွေကို သန့်ရှင်းမယ့် ရိုဘော့စက်ရုပ်ဟာ ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်ပြီး ပိုးသတ်ဆေးဖျန်းမှာ ဖြစ်ပါတယ်။  စက်ရုပ်တွေဟာ စက္ကန့်လေးဆယ်အတွင်း ပိုးသတ်ဆေးဖျန်းနိုင်ပြီး မျက်နှာကိုမှတ်မိတဲ့ facial recognition technology ကို အသုံးပြု ထုတ်လုပ်ထားတာပါ။  လေဆိပ်မှာ စုစုပေါင်း စက်ရုပ် ၁၀ ရုပ်လောက် ထားရှိသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက  ဟောင်ကောင်ကို ပြန်လာတဲ့ နိုင်ငံသားတွေအတွက် အဓိကစစ်ဆေးပေးသွားမယ်လို့ ရိုက်တာသတင်းက မေ ၈ ရက်နေ့မှာ ရေးသားထားပါတယ်။
12 months Ago

May 1, 2020

တိုကျိုမြို့ ဟိုတယ်နှစ်ခုတွင် ကိုဗစ်-၁၉ လူနာများကို ရိုဘော့စက်ရုပ်များဖြင့် စောင့်ရှောက်မှုပေး

ဂျပန်နိုင်ငံ တိုကျိုမြို့ပြအာဏာပိုင်အဖွဲ့ဟာ ဆေးရုံတင်ကုသဖို့ မလိုတဲ့၊  ကိုဗစ်-၁၉ လူနာတွေအတွက် ရိုဘော့စက်ရုပ်တွေနဲ့ စောင့်ရှောက်မှုပေးတဲ့ ဟိုတယ်နှစ်ခုကို မေလ ၁ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။  သူနာပြုတွေအနေနဲ့ လူနာတွေကို စောင့်ရှောက်ရတဲ့ ဝန်ထုပ်ဝန်ပိုးလျော့ကျအောင်၊ အာဏာပိုင်တွေက ဟိုတယ်နှစ်ခုမှာ ရိုဘော့တွေ ထားရှိခဲ့တာပါ။  ရောဂါမပြင်းထန်တဲ့ လူနာတွေကို ယာယီဆေးရုံအဖြစ် ထားရှိမယ့် ဒီဟိုတယ်နှစ်ခုမှာ သန့်ရှင်းရေးနဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို လူနာတွေအတွက် ရိုဘော့တွေက ယူဆောင်ပေးမှာပါ။  ဒါ့အပြင် လူနာတွေအတွက် ကိုယ့်ရဲ့စမတ်ဖုန်းနဲ့ တနေ့နှစ်ကြိမ် ကိုယ်ပူချိန်တိုင်းတာတွေ လုပ်ဆောင်ဖို့လည်း ကျန်းမာရေး အက်ပလီကေးရှင်းစနစ်တခုကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။  ဂျပန်နိုင်ငံဟာ ဧပြီ ၃၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၄၀၀၀ ကျော်ရှိပြီး ၄၅၅ ဦး သေဆုံးထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up