ရာသီဥတု

December 17, 2020

ဖီဂျီကျွန်းတွင် ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်

ဖီဂျီကျွန်းနိုင်ငံအနီးကို ထိခိုက်ပျက်စီးဖွယ်ရှိတဲ့ ဆိုင်ကလုန်း ယာဆာ ချဉ်းကပ်လာတာမို့ ဒီဇင်ဘာ ၁၇ ရက်က အရေးပေါ် သဘာဝဘေးအန္တရာယ် အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ ညတွင်းချင်းဝင်ရောက်မယ့် ဆိုင်ကလုန်းယာဆာကြောင့်  လေတိုက်နှုန်း တစ်နာရီ ၁၅၅ မိုင်နဲ့ တစ်နိုင်ငံလုံးမှာ မိုးသည်းသည်းထန်ထန် ရွာမယ်လို့ ခန့်မှန်းထားပါတယ်။  မုန်တိုင်းမဝင်ရောက်မီ နာရီပိုင်း အလိုကတည်းက နိုင်ငံတွင်း တချို့နေရာတွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းနေတယ်လို့ ဖီဂျီ မိုးလေဝသဌာနက သတင်း ထုတ်ပြန်ပါတယ်။  ဖီဂျီဝန်ကြီးချုပ် ဖရန့်ဘီယန်မယ်ရန်မာကလည်း တစ်သန်းနီးပါးရှိတဲ့ ပြည်သူတွေကို နိုင်ငံတဝန်း ၁၄ နာရီကြာ အပြင်မထွက်ရအမိန့် ကာဖျူး မထုတ်ပြန်ခင် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါတယ်။   
7 months Ago

March 7, 2020

ဆွီဒင်ဆယ်ကျော်သက် ဦးဆောင်သည့် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဘရပ်ဆဲလ်တွင် ကျင်းပ

ဆွီဒင်ဆယ်ကျော်သက် ဂရီတာသန်းဘတ် ဦးဆောင်တဲ့ ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲကို မတ်လ ၆ ရက်က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။    ရာသီဥတုဆိုင်ရာ ဥရောပသမဂ္ဂ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၅၀ အချိန် သတ်မှတ်ချက်ကို သန်းဘတ်က ဝေဖန်ပြောကြားပြီး နောက်တနေ့မှာ ချီတက်ပွဲကို လုပ်ခဲ့တာပါ။   ဆန္ဒပြသူတွေက ဘရပ်ဆဲလ် ဘူတာကြီးအပြင်ဘက်မှာ စုဝေးပြီး ဥရောပသမဂ္ဂ EU နဲ့ ဥရောပကောင်စီ တည်ရှိရာ ဥရောပရပ်ကွက်ဆီ ချီတက်ခဲ့ပါတယ်။  အဲဒီမှာ သန်းဘတ်က အီးယူတာဝန်ရှိသူတွေကို  “ကိုယ်ရဲ့ အရှုပ်ထုပ်ကို တခြားလူ လာရှင်းပေးဖို့ မထားခဲ့ပါနဲ့” ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။  သန်းဘတ်က ဥရောပရဲ့ ရာသီဥတုဆိုင်ရာဥပဒေဟာ လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့ နောက်ထပ်နှစ်ချီပြီး ထပ်စောင့်ရမယ်လို့ ပြောပါတယ်။   သူက အချိန်ဟာ အခုကမ္ဘာ့လူသားတွေမှာ ရှိမနေတဲ့ အဖိုးတန်အရာမို့ ရာသီဥတုဘေး ကျရောက်ချိန်မှာ အဲဒီလို လုပ်ဆောင်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။  ချီတက်ပွဲမှာ လူ ၃၄၀၀ ကျော် ပါဝင်ခဲ့ပြီး အတော်များများက ကျောင်းပြေးပြီး သန်းဘတ်ရဲ့ ချီတက်ပွဲမှာ လာရောက်ပူးပေါင်းကြတဲ့ ကျောင်းသားလူငယ်တွေ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
More News
Up