ရာမို့စ်

May 29, 2019

ရီးရဲလ်နောက်ခံလူ ရာမို့စ် အသင်းမှ ထွက်ခွင့်တောင်း

ရီးရဲလ်နောက်ခံလူ ရာမို့စ်ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့ကြားမှာ မကျေလည်မှုတွေရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဥက္ကဋ္ဌပီရက်ဇ်က ရာမို့စ်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ ရာမို့စ်ဟာ အေဂျက်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စပိန်သတင်းစာ မာကာရဲ့ အဆိုအရ ရာမို့စ်ဟာ ရီးရဲလ်ကနေ ထွက်ခွာပြီး ကမ်းလှမ်းမှုတွေရှိနေတဲ့ တရုတ်ကလပ်အသင်းတွေမှာ သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ စပိန်နောက်ခံလူ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်ကတည်းက အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲ ၆၀၀ ကျော်ကစားခဲ့ရာမှာ ဆုဖလား ၂၀ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
2 years Ago

May 30, 2018

ရာမို့စ်ကို အရေးယူရန် လက်မှတ်ရေးထိုးတောင်းဆိုသူ ၄ သိန်းခွဲကျော်ရှိ

ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို အရေးယူဖို့အတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ အရေအတွက်ဟာ ၄ သိန်းခွဲကျော်လာပါတယ်။ မေလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ရီးရဲလ်နောက်ခံလူ ရာမို့စ်က ဆွဲလှဲချခဲ့တယ်လို့ လီဗာပူး ဘောလုံးပရိသတ်တွေက  စွပ်စွဲထားပါတယ်။ ဆာလက်ဟာ ရာမို့စ်နဲ့ ဘောလုံးယှဉ်လုအပြီးမှာ မြက်ခင်းပေါ် အရှိန်နဲ့လဲကျသွားပြီး ပခုံးဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပွဲကို ဆက်ပြီး ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရာမို့စ်က ဆာလက်ကို တမင်လှဲချပြီး ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်လို့ လီဗာပူးပရိသတ်တွေက ယူဆကြပါတယ်။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက အရေးယူခြင်း မရှိခဲ့ပေမယ့် လီဗာပူးပရိသတ်တွေနဲ့ ဘောလုံးပရိသတ်တချို့ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကို အရေးယူဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။ ဖီဖာနဲ့ ယူအီးအက်ဖ်အေတွေအနေနဲ့ ဒီလိုကိစ္စတွေမှာ ရုပ်သံပြန်ကြည့်ပြီး အရေးယူသင့်တယ်လို့ လီဗာပူးပရိသတ်တွေက ဆိုကြပါတယ်။
3 years Ago
More News
Up