ရာပြည့်အထိမ်းအမှတ်ပွဲ

October 31, 2020

အာဆင်နယ်နှင့် ရာပြည့်အထိမ်းအမှတ်ပွဲတွင် အောင်ပွဲခံလိုဟု ဆိုးလ်ရှားပြော

အာဆင်နယ်နဲ့ပွဲက ပွဲ ၁၀၀ပြည့်မြောက်တဲ့အထိမ်းအမှတ်ပွဲဖြစ်လို့ အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲရချင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ပြောပါတယ်။  နည်းပြဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က မန်ယူနိုက်တက်နည်းပြဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲအရပ်ရပ် ၉၉ ပွဲ ကိုင်တွယ်ခဲ့ပြီး ဖြစ်ပါတယ်။  တနင်္ဂနွေည ၁၁ နာရီမှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က နည်းပြ ဆိုးလ်ရှားအတွက်  ပွဲ ၁၀၀ ပြည့်မြောက်မယ့် ပွဲစဉ်ဖြစ်ပါတယ်။  အာဆင်နယ်အသင်းက အမြဲတမ်း ကစားရခက်ခဲတဲ့အသင်းဖြစ်ပြီး ကစားသမားကောင်းတွေရှိသလို ဘောလုံးဒဿန ကောင်းတွေရှိပြီး ပွဲတစ်ပွဲကို ဘယ်လိုကစားရမလဲဆိုတာ သိတဲ့ နည်းပြကောင်းတဦးလည်းရှိတယ်လို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။  အဲဒီပွဲစဉ်က မိမိအတွက် ပွဲ ၁၀၀ ပြည့်မြောက်တဲ့ပွဲဆိုတာ သိရတော့ အံ့အားသင့်မိပြီး အကောင်းဆုံးခြေစွမ်းနဲ့ ရလဒ်ပိုင်းရယူပြီး  ရာပြည့်ပွဲစဉ်ကို အောင်ပွဲခံနိုင်ဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဆိုးလ်ရှားဟာ မန်ယူ နည်းပြအနေနဲ့ ၉၉ ပွဲကိုင်တွယ်ခဲ့ရာမှာ ၅၅ ပွဲနိုင်၊ ၂၁ ပွဲသရေ ကျခဲ့ပြီး ၂၃ ပွဲ ရူံးနိမ့်ခဲ့ပါတယ်။ 
8 months Ago
Up