ရာထူးလက်ခံ

September 24, 2020

ဆန္ဒပြခံနေရသည့် ဘဲလာရုစ်သမ္မတလူကာရှန်ကို သမ္မတ ရာထူးလက်ခံပွဲ ကျင်းပ

ဘဲလာရုစ်နိုင်ငံတဝှမ်း သမ္မတ လူကာရှန်ကိုအပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပေမဲ့ စက်တင်ဘာ ၂၃ ရက်မှာတော့ လူကာရှန်ကိုက  နောက် သမ္မတသက်တမ်းအတွက် ရာထူးလက်ခံပွဲ အခမ်းအနားကို ရုတ်တရက် ကျင်းပခဲ့ပါတယ်။  ဒီရာထူးလက်ခံပွဲဟာ တရားမဝင်ဘူးဆိုပြီး အတိုက်အခံက ပြစ်တင်ရှုတ်ချကာ  ဆန္ဒပြပွဲတွေ ထပ်မံ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။  ပြီးခဲ့တဲ့ သြဂုတ် ၉ ရက် အငြင်းပွားဖွယ်ရွေးကောက်မှာ လူကာရှန်ကို အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အခုလို နိုင်ငံတော်အခမ်းအနားနဲ့ ရာထူး လက်ခံပွဲကို လုပ်တယ်ဆိုပေမယ့် ဒီအခမ်းအနားကို ကြိုတင်အကြောင်းမကြားခဲ့ပါဘူး။  ဘယ်လ်တာသတင်းအေဂျင်စီက လူကာရှန်ကိုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ကာ ကျမ်းသစ္စာ ဆိုခဲ့ပြီး အဲဒီအခမ်းအနားကို လူပေါင်း ရာချီ တက်ရောက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။  အသက် ၆၆ နှစ်အရွယ် လူကာရှန်ကိုကာ ၁၉၉၄ ခုနှစ်ကစလို့ ဘဲလာရုစ်ကို အုပ်ချုပ်လာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
9 months Ago
Up