ရာထူးဖယ်ရှား

November 10, 2020

ကွန်ဂရက်၏ ရာထူးဖယ်ရှားမည့် ဆုံးဖြတ်ချက်ကို ပီရူးသမ္မတ လက်ခံ

သူ့ကို ရာထူးက ဖယ်ရှားမယ့် ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသွားမယ်လို့ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ဆေးရာမှာ ကွန်ဂရက်က သမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဗစ်ဇ်ကာရာက ဒီနေ့ပဲ သမ္မတ အိမ်တော်က စွန့်ခွာမယ်လို့ မိန့်ခွန်းပြောပါတယ်။ သမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားလိုက်တာက ကမ္ဘာ့နံပါတ် ၂ ကြေးနီထုတ်လုပ်ရာ ပီရူးမှာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေပါတယ်။ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုကနေ ပီရူးဟာ နာလန်ထဖို့ ကြိုးပမ်းနေတာပါ။  ပီရူးသမ္မတ ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားလိုက်တာက ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလို ပီရူးမှာ နိုင်ငံရေးတင်းမာမှုကာလကို ဖြစ်စေနိုင်တယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။ 
9 months Ago
Up