ရာဇဝတ်မှု

February 10, 2021

NLD ရုံးချုပ်ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့မှု ရာဇဝတ်ပြစ်မှုမြောက်၊ ရဲစခန်းက အမှုဖွင့်မပေး

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ရုံးချုပ်ကို မနေ့ညက စစ်တပ်က ချိုးဖျက်ဝင်ရောက်ရှာဖွေခဲ့တာဟာ ရာဇဝတ်ပြစ်မှုကျူးလွန် ရာရောက်တယ်လို့ NLDပါတီက ကြေညာလိုက်ပြီး ဒီအမှုနဲ့ပတ်သက်လို့  တိုင်ကြားရာမှာ ရဲစခန်းက အမှုမဖွင့်ပေးဘူးလို့ သိရပါတယ်။

ပါတီအနေနဲ့ဗဟန်းရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့်  အမှုမဖွင့်ပေးတဲ့အပြင် ရုံးချုပ်ကိုလာရောက်စစ်ဆေးမယ်လို့သာ ပြောခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်မှုဆောင်ပါတီဝင် ဦးကြည်တိုးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၉ ရက် မနေ့ည ၁၀ နာရီခန့်လောက်မှာ  ဗဟန်းမြို့နယ်ရှိ အန်အယ်လ်ဒီ ပါတီဌာနချုပ်နဲ့  တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံး တို့ကိုစစ်တပ်က ချိုးဖျက်ဝင်ရောက်ပြီး စာရွက်စာတမ်းတွေ ကွန်ပျူတာဟာ့ဒစ်တွေ၊ ငွေစာရင်းစာအုပ်အပါအဝင် ဘဏ်စာအုပ်တွေနဲ့ ချက်လက်မှတ်တွေကိုယူဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒီလုပ်ရပ်ဟာ ရာဇဝတ်ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေအနေနဲ့ တာဝန်ခံဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းနဲ့ ဒီလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန် ကြေညာထားပါတယ်။

4 months Ago

January 19, 2021

မကွေးတိုင်းတွင် ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်နှင့် တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွား

မကွေးတိုင်းဒေသကြီးမှာ ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော် နဲ့ တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းဝေးမှာ တင်သွင်းခဲ့ပါတယ်။ တိုင်းဒေသကြီး တရားလွှတ်တော်အပါဝင် ခရိုင်တရားရုံး ၅ ရုံး၊ မြို့နယ်တရားရုံး ၂၅ ရုံးမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်လက်ခံစစ်ဆေးခဲ့ပြီး အမှုပေါင်း ၁၅၅၀၀၀ ကျော် စစ်ဆေး ပြီးပြတ်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းက ပြောပါတယ်။ တိုင်းဒေသကြီးအတွင်းက တရားရုံး ၃၁ ရုံးမှာ တရားမမှုအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အမှုပေါင်း ၁၇၀၀၀ လက်ခံခဲ့ပြီး ၁၅၀၀၀ ကျော်စစ်ဆေးပြီးပြတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၈ မြို့နယ်မှာ ဥပဒေအထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့ပြီး ခရိုင်တရားရုံးစိုက်တဲ့ မြို့နယ် ၅ မြို့နယ်မှားလည်း ထပ်မံဖွဲ့စည်းပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တရားသူကြီးတွေအနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ မှန်မှန်နဲ့ မြန်မြန် စစ်ဆေးနေပြီး တရားရုံးတွေအပေါ် ပြည်သူလူထု့ရဲ့ စိတ်ချယုံကြည်တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင်လုပ်ဆောင်ပေးနေတယ်လို့ တိုင်းဒေသကြီးတရားလွှတ်တော်ကနေ သိရပါတယ်။ သတင်း - မင်းထီး
5 months Ago
More News
Up