ရမ်ဒီဆီဗီယာ

November 21, 2020

အမေရိကန်ထုတ် ကိုဗစ်ဆေး ရမ်ဒီဆီဗီယာကို မသုံးသင့်ကြောင်း WHO ပြော

အမေရိကန် ဇီဝဆေးကုမ္ပဏီ ဂေးလ်လီးယက်ကထုတ်တဲ့  ရမ်ဒီဆီဗီယာဆေးဟာ အသက်ရှင်ဖို့ အထောက်အကူပြုတယ်၊ ဗန်တီလေတာပေါ်တင်ရတဲ့ အခွင့်အလမ်းနည်းစေ တယ်ဆိုတာ အထောက်အထား မရှိတာမို့ မသုံးသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၂၀ ရက်မှာ ပြောဆိုပါတယ်။  ဒါဟာ အလားအလာရှိတဲ့ အစွမ်းထက် ကိုဗစ်-၁၉ ကုသဆေးအဖြစ် တကမ္ဘာလုံး အာရုံ စိုက်ခဲ့တဲ့  ရမ်ဒီဆီဗီယာအဖို့  နောက်ထပ် အတားအဆီးတခု ဖြစ်ပါတယ်။ လူနာ ခုနစ်ထောင်ကို ဒီဆေးနဲ့ စမ်းသပ်ကုသခဲ့ရာမှာ အသက်ရှင်ကယ်တင်နိုင်တဲ့နှုန်း တိုးတက်လာတဲ့ သက်သေအထောက်အထား မပြခဲ့ဘူးလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ လေ့လာချက်တွေအရ ရမ်ဒီဆီဗီယာဟာ နာလန်ထတာမြန်တယ်လို့လည်း သိရပါတယ်။      ထင်တာထက် ဝယ်လိုအား လျော့နည်းခဲ့တာရယ်၊ နောက်ပြီး ရမ်ဒီဆီဗီယာဆေး ရောင်းအား ကြိုတင်ခန့်မှန်းရ ခက်တာရယ်ကြောင့် အောက်တိုဘာလကုန်မှာပဲ ဂေးလ်လီးယက်ဟာ ကုမ္ပဏီရဲ့ ၂၀၂၀ အမြတ်ငွေ ကြိုတင်ခန့်မှန်းချက်ကို လျှော့ချခဲ့ပါတယ်။ ရမ်ဒီဆီဗီယာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတုန်းက ကုသခဲ့တဲ့ ဆေးတွေထဲက တခုဖြစ်ပါတယ်။  ရမ်ဒီဆီဗီယာကို နိုင်ငံပေါင်း ၅၀ ကျော်မှာ ကိုဗစ်-၁၉ ကုသဆေးအဖြစ် ခွင့်ပြုထား တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
6 months Ago
Up