ရပ်ကွက်အုပ်ချုပ်ရေးမှူး

August 18, 2021

ချမ်းအေးသာစံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်း၀န်းကျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းဟာ ဩဂုတ် ၁၈ ရက် ဒီမနက်  ၁၁ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းဟာ ၇၂ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာရှိတဲ့ ရပ်ကွက်ရုံးမှာရှိနေတဲ့အချိန်  ဆိုင်ကယ် ၁ စီး၊ လူနှစ်ယောက်က ရုံးအတွင်း ဝင်လာပြီး သေနတ်နဲ့ ၁  ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးက ရုံးထဲရှိနေတဲ့အချိန် ပစ်သွားတာလို့ ပြောတယ်။ အခုပဲ ပါရမီ လူမှုကူညီရေးကားထွက်သွားပြီး ကူညီနေတယ်။” လို့ အနီးအနားရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

ဦးအောင်ဆွေထွန်းကို ပစ်ခတ်ထွက်ပြေးသွားတဲ့ သေနတ်သမားကိုတော့  ဖမ်းမိတာ မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး တားဆီးစစ်ဆေးနေကြပါတယ်။

1 month Ago

July 18, 2021

မိုးကုတ်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ရဲ့ နေအိမ်​​​ရှေ့မှာ ဇူလိုင် ၁၇ ရက်   ည ၁၀ နာရီကျော်က လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ 

အဆိုပါ လက်လုပ်ဗုံးကို အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းနားမှာ  လာချိတ်ထားတာဖြစ်ပြီး မပေါက်ကွဲခင် သုံးရက်လောက်အလိုကတည်းက လက်လုပ်ဗုံးကိုတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်လုပ်ဗုံးကို တွေ့ပြီးနောက် စစ်တပ်က စစ်ကားတွေနဲ့ လာရောက်ကြည့်ရှုခဲ့ပေမယ့် ရှင်းလင်းပေးတာမရှိဘူးလို့ သိရပါတယ်။ 

ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက လူတွေက လက်လုပ်ဗုံး တွေ့ထားတာကြောင့် ပေါက်ကွဲတဲ့အချိန်မှာ လူအထိအခိုက် ဒဏ်ရာရတာမရှိခဲ့ပါဘူး။

2 months Ago
More News
Up