ရန်ကုန်ကပြောင်

November 21, 2020

မြစ်ကြီးနားတွင် ရန်ကုန်ကပြောင်းလာသည့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရန်ကုန်က ပြောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်က ပြောင်းလာပြီး တာဝန်မထမ်းဆောင်ခင် ပညာရေးကောလိပ်မှာ  ကွာရန်တင်းဝင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့တာပါ။ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “မှော်ဘီကနေ ဌာနပြောင်းလာတဲ့ ရဲတစ်ယောက်မှာ တွေ့တာပါ။ မြစ်ကြီးနား အမှတ် ၃ ပလနရဲစခန်းမှာ တာဝန်ကျတာပါ။ သူစရောက်တဲ့ နေ့ကတည်းက ပညာရေးကောလိပ်မှာ  ကွာရန်တင်းဝင်နေပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ သူ့ကို S​wab ယူပြီး စစ်ဆေးရာကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ” လို့ ပြောပါတယ်။ အဲ့ဒီ ရဲတပ်သားနဲ့ ထိစပ်ခဲ့သူတွေကို ကွာရန်တင်းထားရှိဖို့ ကျန်းမာရေးဌာနက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ယောက်ရှိပြီဖြစ်ပြီး ကချင်ပြည်နယ်မှာတော့ စုစုပေါင်း လူနာ ၁၅၈ ယောက်ရှိပြီလို့ သိရပါတယ်။ မီးမီး
6 months Ago
Up