ရန်ကုန် ၄ မြို့နယ်ရပ်ကွက်များ ရေပြတ်မည်

March 4, 2016

ရန်ကုန် ၄ မြို့နယ်ရပ်ကွက်များ ရေပြတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း  မြို့နယ် ၄မြို့နယ်ရှိ  ရပ်ကွက်တချို့မှာ ခေတ္တ ရေပြတ်တောက်ဖို့ ရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်က အသိပေးကြေညာထား ပါတယ်။ ကမ္ဘာအေးဘုရားလမ်း တလျှောက်ရှိ ရေယိုစိမ့်တဲ့ သက်တမ်းရင့်ဟောင်းနွမ်း ရေပိုက်လိုင်းတွေကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့  အသစ်လဲလှယ်ရေးလုပ်ငန်းတွေကို မတ်လ ၃ ရက်ကနေစပြီး မတ်လ ၇ ရက် မနက်ထိ ပြီးစီးအောင် ဆောက်ရွက်နေတာလို့ ဆိုပါတယ်။ ရေပြတ်မယ့် မြို့နယ်တွေထဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၉နဲ့ အမှတ် ၁၀ ရပ်ကွက်၊ ရန်ကင်းမြို့နယ် အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇၊ အမှတ်၈ ရပ်ကွက်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ရပ်ကွက်၊ ၂ ရပ်ကွက်၊ ဆရာစံရပ်ကွက်တွေနဲ့ ကမာရွက်မြို့နယ် အမှတ် ၉ နဲ့ အမှတ် ၁၀ ရက်ကွက်တွေပါဝင်ပါတယ်။
5 years Ago
Up