ရန်ကုန်-မန္တလေးလမ်းဟောင်းတွင်

January 27, 2018

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် ၃၅၆/၇ အနီးမှာ ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်းက ဈေးရောင်းပြန်လာတဲ့ ဆိုင်ကယ်နဲ့ မုန်ပို့တဲ့ ၆ ဘီးကား တိုက်မိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့ကား နှစ်စီးလုံးက လားရာတူမောင်းနှင်လာပြီး အသက် ၄၈ နှစ်ရှိ ဒေါ်မြအေးက ဈေးရောင်းပြန်လာပြီး လိန်ပင်ရွာလမ်းခွဲဘက် ဆိုင်ကယ်အကွေ့မှာ နောက်ကကပ်ရက်ပါလာတဲ့ သက်ဦးခိုင် မောင်းနှင်လာတဲ့ မုန့်ပို့တဲ့ ၆ ဘီးကား အရှိန်လွန်ပြီး ဖြတ်တိုက်မိလို့ ဒေါ်မြအေး နေရာတင်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ မြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “ဆိုင်ကယ်ရဲ့ အလယ်ပိုင်းခါးနေရာကို တိုက်ပြီး ရှေ့ဘီးကိုကြိတ်မိတယ်။ လူကမြောက်တက်သွားပြီး ကားမှန်နဲ့ရိုက်မိတယ်။ ပြန်အကျမှာ ဦးခေါင်းနဲ့ ကျသွားတယ်ထင်တယ်။ ဦးခေါင်းနဲ့ ဒူးတွေမှာ ဒဏ်ရာရသွားတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ စစ်ဆေးဖို့ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်" လို့ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက သက်ခိုင်ဦးနဲ့ ဒေါ်မြအေးတို့ နှစ်ဦးလုံးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ‎ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရ‎ပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

July 29, 2017

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသည်တင်ကားမှောက်၊ ၁ ဦးသေ၊ အများပြားဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်  ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၀/၀ မှာ ဇူလိုင် ၂၉ ရက် မနက် ၅ နာရီက ရန်ကုန်ဘက်မှမန္တလေးဘက်ကို မောင်းလာတဲ့ အာကာသ ခရီးသည်တင်ကား တိမ်းမှောက်ခဲ့လို့ ဘုန်းကြီး ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက "အရှိန်များပြီး စလစ်ဖြစ်သွားတယ်၊  လမ်းရဲ့ဝဲဘက်ခြမ်းမှာ တိမ်းမှောက်တယ်။ ကျောက်ဆည်မြို့ အင်တိုင်းရွာမှာနေတဲ့ မဖြူ ကားအောက်ပိပြီး သေဆုံးသွားတယ်။ ကားပေါ်လူ ၃၁ ယောက်ပါတယ်။ ဘုန်းကြီး ၂ ပါးအပါပေါင်း ၂၅ ဦး ဒဏ်ရာရတယ်။ ကျောက်ဆည်ဆေးရုံကို ပရဟိတကားတွေနဲ့ ပို့ပေးရတယ်။ ဒရိုင်ဘာ ဝင်းထွန်း ထွက်ပြေးသွားလို့ ဖမ်းမိဖို့ ကြိုးစားနေတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ဝင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု/ပြင်းထန်ဒဏ်ရာရမှု/သာမာန်ဒဏ်ရာရမှု/ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up